မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ ပေါက်တောကျေးရွာက ရေလှောင် ကန်အ တွင်း စက်တင်ဘာလ၂ရက်နေ့ မွန်းလွဲ၂နာရီကျော်က ရေဆင်းချိုးရင်း ရေနစ်ခဲ့သူ အမျိုးသားတစ်ဦးရဲ့ရုပ်အ လောင်းကို စက်တင်ဘာလ၃ရက်နေ့ မ နက်၈နာရီ၃၅မိနစ်က ရှာဖွေတွေ့ရှိခဲ့ တယ်လို့ သန္တိသုခအခမဲ့လူမှုရေးအသင်းကနေ သိရပါတယ်။



ရေလှောင်ကန်အတွင်း ရေနစ်သေဆုံးခဲ့ သူအမျိုးသားကို ရှာဖွေကယ်ဆယ်နိုင်ဖို့ အတွက် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်း၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းနှင့် သန္တိသုခအခမဲ့လူမှုရေးအသင်းတို့ ပူး ပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရ ပါတယ်။
ရေနစ်သေဆုံးသူရဲ့ရုပ်အလောင်းကို သန္တိသုခအခမဲ့လူမှုရေးအသင်းက မော် တော်ယာဉ်နဲ့ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။