ပြင်သစ်သမ္မတရဲ့ ဓါတ်ပုံတစ်ပုံ အွန်လိုင်းမှာ ဝေဖန်ခံနေရ

ပဲရစ်၊ မတ် ၂၂

အင်စတာဂရမ်မှာ တင်လိုက်တဲ့ ပြင်သစ်သမ္မတ  အီမန်နူရယ် မက်ခရွန်ရဲ့ လက်ဝှေ့ကျင့်နေတဲ့ ပုံတစ်ပုံက  လူမှုကွန်ယက်ပေါ်မှာ ဝေဖန်သ့တွေ ညံနေတယ်လို့ သိရပါတယ်။

ဒီဓါတ်ပုံကို သမ္မတရဲ့ တရားဝင်ဓါတ်ပုံဆရာ ဆိုဇစ် ‌ဒေလာ မွာစေညှာ က ရိုက်ကူးပြီး လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံကြောင့် နိုင်ငံထဲမှာ ကြည်နူးမှုသာမက ထိတ်လန့်မှု ကိုပါ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မက်ခရွန်ရဲ့ အဖြူအမည်းဓါတ်ပုံမှာ လက်ဝှေ့အိတ်ကို ထိုးနေတဲ့အချိန် အံကို တင်းတင်းကျိတ်ထားတာ အပြင် အရမ်းကို ပြင်းထန်တဲ့ ခံစားချက်တွေ ပေါ်လွင်နေတာ စတာတွေက သူ့ရဲ့ အတွင်းစိတ်ကို ထင်ဟပ်နေတာလို့ အများက သုံးသပ်ပါတယ်။

ပုံကိုမှတ်ချက်ပေးတဲ့သူတွေထဲမှာ မော်စကိုကို မကျေနပ်တဲ့ ခံစားချက်တွေ ပါနေတယ်လို့ ပြောသူကလည်း ပြောနေကြတယ်ဆိုပါတယ်။

တိုက်ဆိုင်မှုအနေနဲ့က မက်ခရွန်က မကြာသေးတဲ့ ရက်က  ယူကရိန်းကို ရုရှားကသာ နိုင်သွားခဲ့ရင် ဥရောပလုံခြုံရေးအန္တရာယ်တွေ ရှိလာမယ်လို့ သတိပေးစကားပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မက်ခရွန်ကို ဂျူဒိုကစားတဲ့ပုံတွေ၊ မြင်းစီးတဲ့ ပုံတွေ ခဏခဏ တင်တတ်တဲ့ ရုရှားသမ္မတ ပူတင်နဲ့တောင် ခိုင်းနှိုင်းခံရတာတွေလည်း ရှိနေခဲ့ပြန်ပါတယ်။

ဒါ့အပြင်  ဂါဇာပဋိပက္ခအဆုံးသတ်ရေး ကိစ္စနဲ့ပတ်သက်တဲ့ မက်ခရွန်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်မှုတွေ ရှိနေပြီး “လူသတ်သမား”ဆိုပြီး ပြင်းထန်တဲ့ စကားလုံတွေ အထိပြောပြီး ဝေဖန်တိုက်ခိုက်တာ တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ သမ္မတ မက်ခရွန် လက်ဝှေ့ထိုးနေပုံ

Feature Image credit: Soazig de la Moissonnière,

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *