ပြင်သစ်မှာ ဖလက်ရှ်ဘော သေနတ် ကျည်ထိပြီး ဆန္ဒပြသူသေဆုံးမှု မာဆေး ရဲတပ်ဖွဲ့ကစုံစမ်းနေ

အ မ် ပစ်သတ်ခံရတာမကျေနပ်လို့ ဇူလိုင်(၂)ရက် ညပိုင်းက ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ ဆန္ဒပြကြတာကို ရဲက အင် အားသုံးပြီးလူစုခွဲတဲ့အခါ အသက်(၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ ရပါတယ်။

ရာဘာဘောလုံးကိုကျည်ဆံအဖြစ်အသုံးပြုတဲ့ဖလက်ရှ်ဘောသေနတ်နဲ့ပစ်ခံရပြီး အဲဒီလူသေဆုံးသွားတာလို့ မှုခင်းဆရာ ဝန်က မှတ်ချက်ပေးခဲ့တယ်။ ရာဘာ ကျည်တွေ သူ့ရင်ဘတ်ကိုဆက်တိုက် ထိ မှန်ရာကနေ နှလုံးမှာ ဒဏ်ရာရပြီး သေ ဆုံးတာဖြစ်မယ်လို့ ယူဆခဲ့ကြတယ်။

ဘယ်ရဲတပ်ဖွဲ့ဝင်က ဘယ်လောက်ကြာ အောင် အဲဒီလူကို ဖလက်ရှ်ဘော သေ နတ်နဲ့ပစ်တာလဲသိရဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်။

တကယ်ဆိုရင် ပြင်သစ်မှာဖန်တီးပြုလုပ် ပြီး အဓိကရုဏ်းနှိမ်နင်းဖို့ ပြင်သစ်မှာပဲ အသုံးပြတာဖြစ်တဲ့ ဖလက်ရှ်ဘောသေ နတ်ဟာ လူကိုမသေစေနိုင်ဘူး။

သာမန်ဒဏ်ရာပဲရစေနိုင်မယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က အတည်ပြုထားပေမယ့် မျက် လုံးတည့်တည့်ထိမှန်လို့ မျက်စိ ကွယ်ခဲ့ တဲ့လူတွေ ခေါင်းထိလို့ ခေါင်းပေါက် သွား တဲ့လူတွေရှိခဲ့ဖူးတယ်။လူကိုသေစေတာတော့ ဒါပထမဆုံးအကြိမ်ဖြစ်လိမ့်မယ်လို့ ဆို ကြတယ်။

ဒီလိုဆိုရင် ဖလက်ရှ်ဘောသေနတ်ဟာ နောက်ပိုင်းမှာ အဓိကရုဏ်းနှိမ်နင်း ရေးအတွက် သုံးဖို့ဿပြသနာရှိလာလိမ့် မယ်လို့ ဥရောပရဲလုပ်ငန်း ကျွမ်းကျင် သူတွေက ထောက်ပြကြတယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *