ပြင်သစ်မှာ ဂျူးဆန့်ကျင်ရေး ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၈၀၀၀၀ ကျော် လမ်းပေါ်ချီတက်

ပဲရစ်၊ နိုဝင်ဘာ ၁၃

အစ္စရေး-ဟားမတ်စ်စစ်ပွဲစကတည်းက သောင်းနဲ့ချီတဲ့ လူတွေဟာ  ပြင်သစ်နိုင်ငံတစ်ဝှမ်း လမ်းတွေပေါ်ထွက်ပြီး ဆန္ဒ ပြနေရာက နိုဝင်ဘာ ၁၂ရက်  တနင်္ဂနွေနေ့မှာ  ဂျူးမုန်းတီးရေး ဆန္ဒပြတဲ့သူ နှစ်သိန်းနီးပါး အထိ သိသိသာသာ မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။

ပဲရစ်တစ်မြို့တည်းမှာကို   ခန့်မှန်းခြေ ဆန္ဒပြသူ ၁၀၅၀၀၀ လောက်  ပါဝင်ချီတက်ခဲ့တယ် လို့ ဆိုပါတယ်။

ဒီလို အုံကြွမှုဟာ ၁၉၉၀ ခုနှစ်တုန်းက ကာပန်တရာမှာ ရှိနေတဲ့  ဂျူးသုသာန်ကို  ရှုတ်ချဆန့်ကျင်ခဲ့တဲ့ ဆန္ဒပြပွဲ နောက်ပိုင်း အကြီးမားဆုံး လှုံ့ဆော်မှုဖြစ်တယ်လို့ CNN ရဲ့ တွဲဖက် BFM TV က  ထုတ်လွှင့်ပြောဆိုခဲ့ပါတယ်။

ပဲရစ်က ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ် အယ်လိဇဘက် ဘော်နေ၊ ပြင်သစ် သမ္မတဟောင်း ဖရန့်ကိုးစ် ဇာကိုဇီ တို့ပါ ပါဝင်ခဲ့ပြီး “သမ္မတနိုင်ငံအတွက်၊ ကိုးကွယ်ယုံကြည်မှုဆန့်ကျင်ရေး” လို့ရေးထားတဲ့ ဆိုင်ဘုတ်တွေကိုင်ဆောင် ခဲ့ကြတယ်လို့  သိရ ပါတယ်။

နိ့စ်၊ လိုင်ယွန်နဲ့ မာဆေး စတဲ့ မြိုကြီးတွေမှာတော့ ဆန္ဒပြသူ အရေအတွက်နည်းနည်းပဲ ရှိခဲ့ပေမယ့် နိုင်ငံတစ်ဝှမ်း လုံး အတိုင်းအတာနဲ့ဆို လူပေါင်း ၁၈၂၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက် တွေကို ကိုးကားပြီး BFM TV က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်မှာ  အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ပတ်သက်ပြီး  မြို့တော်မှာ  တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ဂျူးလူမျိုး ဆန့်ကျင် ရေး ဖြစ်ရပ်တွေ  မြင့်တက်လာနေတယ်လို့  ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန် က ပြောပါတယ်။

 Ref: CNN

ပုံစာ။ ပဲရစ်က ဆန္ဒပြပွဲ မြင်ကွင်းတစ်ခု

Feature Image Credit: Antoine Gyori/Corbis/Getty Images

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *