ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှမ်ဇေလီဇေး ရိပ်သာလမ်းမကြီးပေါ်အထိ နာဟဲလ်အမ် ပစ်သတ်ခံရမှုမကျေနပ်သူများ စုဝေး ရောက်ရှိလာ

ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့တော်နဲ့နယ်နိမိတ်ချင်းဆက်နေတဲ့ နန်တာရေမြို့မှာ ဇွန်၂၇ ရက်က ယာဉ်ထိန်းရဲကသေနတ်နဲ့ ပစ် သတ်တာခံခဲ့ရတဲ့ အသက်၁၇နှစ်အရွယ် နာဟဲလ်အမ်ရဲ့ဈာပနကို ဇူလိုင်၁ရက်မှာ ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

အစပိုင်းမှာ ဆန္ဒပြသူတွေကို ရှေ့က ဦးဆောင်ချီတက်ခဲ့တဲ့သူ့အမေဟာ နောက် ပိုင်းမှာ ဆူပူအုံကြွသူတွေကို ထိန်းမနိုင် တော့လောက်အောင်ဖြစ်လာတဲ့အခါ ရဲတပ်ဖွဲ့ကိုအပြစ်မတင်လိုပါဘူး။ကျွန်မ သားသေအောင် သေနတ်နဲ့ပစ်သတ်တဲ့ရဲ ကိုပဲအရေးယူပေးပါလို့ပြောခဲ့ပါတယ်။

မကျေနပ်သူတွေက ဒေါသအထွတ်အ ထိပ်အထိ ရောက်နေကြတဲ့အတွက် သူပြော တဲ့စကားက ရဲတွေကို ရန်မလုပ်ကြနဲ့တော့ ဆိုတဲ့ သဘောသက်ရောက်ပေမယ့် အသုံး မဝင်တော့ဘူး။ နန်တာရေ၊မာဆေး၊ပဲရစ် စတဲ့မြို့တွေမှာ ဆယ်ကျော်သက် လူငယ် အများစုအုံကြွပြီးတော့ ကားတွေမီးရှို့ ပြ တင်းပေါက်မှန်တွေ ရိုက်ခွဲ ရဲတွေကို ဝိုင်းရိုက်ကြပြီး အခြေအနေပိုဆိုး လာပါ တယ်။

ရဲက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲ တယ်။ ဇွန် ၃၀ရက်အထိ ဆန္ဒပြသူပေါင်း ၂၀၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။ ဒါပေမယ့် နာဟဲလ်အမ်ကို သဂြိုလ်ပြီးတဲ့အထိ ဆူပူအုံကြွမှုက ပြင်သစ် မှာ ရပ်တန့် မသွားဘဲ အသွင်တောင် ပြောင်းလာပြန်ပါသေးတယ်။ ပြင်သစ်မှာ လူမျိုးခွဲခြားတဲ့ ပြသနာကြောင့် ဒီကလေး ပစ် သတ်ခံရတာလို့ဝါဒဖြန့်နေကြပါတယ်။

နာဟဲလ်အမ်ရဲ့ ဈာပနအပြီးညပိုင်းမှာ ပို အုံကြွလာလေမလားစိုးရိမ်လို့ ရဲတပ်ဖွဲဝင် တွေ ထပ်တိုးပြီးလုံခြုံရေးယူခဲ့ပါတယ်။ အဲဒီ ညမှာ ဘာမှမဖြစ်ဘဲ ဇူလိုင်၂ရက် ည ပိုင်းကျမှ ပဲရစ်မြို့တော်ရှမ်ဇေလီဇေးရိပ်သာလမ်းမကြီးပေါ်အထိ မကျေနပ် သူတွေ စုဝေးရောက်ရှိလာလို့ ည၁နာရီ ကျော်လောက်ကြီးမှာ ဆိတ်ငြိမ်တဲ့လမ်း မကြီးတလျောက် မျက်ရည်ယိုဗုံးညှော်နံ့တွေဖုံးလွှမ်းပြီး အော်ဟစ်သံတွေလည်း ဆူညံသွားခဲ့ပါတယ်။

ဆူပူအုံကြွ ဖျက်ဆီးနေကြတာတွေ ရပ်ကြ ပါတော့လို့ နာဟဲလ်အမ်ရဲ့အဖွား နာဒီယာ က ဘီအက်ဖ်အမ်တီဗီကနေ ဇူလိုင်၂ရက် မှာ ပြောလိုက်တယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *