ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်က အဆောက် အဦတစ်ခုမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ၃၇ဦးဒဏ်ရာရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်တစ်နေရာက အဆောက်အဦးတစ်ခုမှာ ဇွန် ၂၁ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ပေါက်ကွဲပြီးတော့ မီးလောင်မှုဆက်လက်ဖြစ်ပွါးပေမယ့် အချိန်အနည်းငယ်အတွင်းထိန်းချုပ်နိုင် ခဲ့တယ်လို့ ပဲရစ်ရဲဌာနက အရာရှိတစ်ဦး ပြောကြားတယ်။

ဗာလ်ဒီဂရာစေဘုရားကျောင်းနဲ့ကပ်လျက် ဒီဇိုင်းသင်တန်းကျောင်းနဲ့ ကက်သလစ် ဘာ သာရေးကျောင်းရှိရာ အဆောက်အဦးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ လူ ပေါင်း ၃၇ဦးဒဏ်ရာရရှိပြီး ၂ဦးပျောက် ဆုံးနေတယ်လို့ ပဲရစ်အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့ပြောခွင့်ရသူက ရှင်းပြပါတယ်။

အဆောက်အဦတစ်ခုလုံးပြိုလဲပျက်စီးသွားလို့ပျောက်နေတဲ့လူနှစ်ဦး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေခြင်းရှိမရှိ သိနိုင်ဖို့ ရဲတပ်ဖွဲဝင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင် တွေ ပူးပေါင်းပြီး ရှာဖွေနေတယ်လို့ ပြင် သစ်ရဲတပ်ဖွဲ့မှူး လော်ရန့်နူနက်ဇ်က အတည်ပြုပါတယ်။ အနံ့ခံခွေးတွေလည်း ပါတယ်လို့ဆိုပါတယ်။

အင်တာနက်လူမှုကွန်ရက်တွေမှာတော့ အဲဒီအဆောက်အဦပေါက်ကွဲမီးလောင်တာ ဓာတ်ငွေ့ကြောင့်လို့သတင်းပျံ့နေတဲ့အ

ကြောင်း ပဲရစ်ဒုတိယမြို့တော်ဝန် အက်ဒွပ်စီ ဗဲလ်က ပြောတယ်။ သက်ဆိုင်ရာမီးသတ် နဲ့ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကတော့ ပေါက်ကွဲမီးလောင်မှုဖြစ်ပွါးရတဲ့အကြောင်းရင်းကို စတင်စုံစမ်းနေတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *