ပျောက်သွားတဲ့ကလေးတစ်ဦး သေဆုံးသွားတဲ့ဖြစ်ရပ်ကလေးမြို့မှာ ဖြစ်ခဲ့

၂၉ ဖေဖော်ဝါရီလ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ကလေးမြို့က ပျောက်ဆုံးသွားတဲ့ ၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို ပျောက်ဆုံးပြီး၂ရက်အကြာမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကလေးငယ်ရဲ့အလောင်းကို လူမနေတဲ့အိမ်ဝန်းထဲက ရေကန်ထဲမှာမှောက်လျက်သေဆုံးနေတာကို မနေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက အသိပေးထားပါတယ်။

“တူမ​လေးပြန်တွေ့ပါပြီ။အသက်မရှိတော့ပါဘူး။

တူမလေးရဲ့ သေဆုံးနေတဲ့ပုံတွေကို လိုင်းပေါ်တင်ဖို့ ခွင့်မပြုပါဘူးရှင့် ။ကလေးရဲ့မိသားစုကို စာနာသောအားဖြင့် ကလေးလေးရဲ့ သေဆုံးသွားတဲ့ဓာတ်ပုံများမတင်ကျဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်”ဆိုပြီး မိသားစုဝင်တဦးကလူမူကွန်ယက်ပေါ်ကနေမျှဝေထားပါတယ်။

ဘာကြောင့် သေဆုံးတယ်ဆိုတာကို မသိရသေးဘဲ ကလေးငယ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပျောက်ဆုံးခဲ့တယ်ဆိုပြီး၊ မိဘတွေက လူမူကွန်ယက်စာမျက်နှာမှာတင်ပီးလိုက်ရှာခဲ့ကြတာဖြစ်ပါတယ်။

မိသားစုဝင်တွေက ကလေးပျောက်တဲ့နေ့က ကလေးခေါ်သွားခဲ့သူရှိရင် ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့ပေးပါက ဘာအမှုအခင်းမှ မလုပ်ပါဘူးလို့ အသိပေးထားပါတယ်။

“ကြောက်လို့ပြန်မပို့ရဲလျှင် နီးစပ်ရာဘုန်းကြီး​​ကျောင်း (သို့) လမ်းတနေရာရာဖြစ်ဖြစ် ပြန်ပေးပို့ပါ ပြန်ပို့ပေးသူကို ကျေးဇူးဆပ်ပါမည် “လို့လူမူကွန်ယက်ပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ၊၂၄ရက်နေ့က ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာက ပျောက်ဆုံးနေတဲ့၃နှစ်အရွယ်ကလေးငယ်အား ပျောက်ဆုံးပြီး၃ရက်အကြာဒဏ်ရာတွေနဲ့ ရေကန်တခုထဲမှာ သေဆုံးနေတဲ့အနေအထားနဲ့ ပြန်တွေ့ခဲ့တဲ့ဖြစ်စဥ်တခုဖြစ်ပွားခဲ့ပါသေးတယ်။

ဒီရက်ပိုင်းကလေးပျောက်ကြောင်းလူမူကွန်ယက်ပေါ်မှာ အသိပေးမူတွေများလာပြီး၊ ကလေးမိဘတွေစိတ်ပူနေကြတယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *