ပျောက်ဆုံးနေတဲ့ F-35 ဂျက်တိုက်လေယာဥ်ရဲ့ အပျက်အစီးတွေကို အမေရိကန်က ရှာတွေ့

ဝါရှင်တန်၊ စက်တင်ဘာ ၁၉

စက်တင်ဘာ ၁၇ရက် တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ဒေါ်လာ သန်း ၈၀ တန် F 35 ကိုယ်ပျောက်တိုက် လေယာဥ် ရဲ့  အပျက်အစီးတွေကို  ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်တဲ့အကြောင်း အမေရိကန်စစ်တပ်က ၁၈ ရက် တနင်္လာနေ့က ထုတ်ပြန် ပြောဆိုပါတယ်။

ချားလ်စ်တမ် မြောက်ပိုင်း, တောင်ကယ်ရိုလိုင်းနားပြည်နယ် လေဆိပ် (JBC) ရဲ့အရှေ့မြောက်ဘက် နှစ်နာရီအကွာ ဝီလျံ ဘတ်ခ် ကောင်တီမှာ  F-35 ရဲ့ အပျက်အစီးတွေကို တွေ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက X (Twitter) မှာ ‌ရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးအရ အဆိုပါနေရာအနီးတစ်ဝိုက်ကို သွားလာတာ ကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

F-35 Lightning ဂျက်တိုက်လေယာဉ်ဟာ သူ့ရဲ့ ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့ ရေဒါထောက်လှမ်းခြင်းကနေ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်လေယာဥ် ဖြစ်တာမို့ ကမ္ဘာတစ်ဝှမ်းကအမေရိကန်မဟာမိတ်တ်တွေက အသည်းအသန် လိုချင်နေတဲ့ လေယာဥ်လည်း ဖြစ်ပါတယ်။

လေယာဉ်မှူးက အမည်မသိ အကြောင်းပြချက်နဲ့  အခြေစိုက်စခန်းကနေ ထွက်ခွါမောင်းနှင်သွားပြီးတဲ့နောက် မြောက် ချားလ်စတန် ရပ်ကွက်တစ်ခု အရောက်မှာ လေထီးနဲ့ ဘေးကင်းပြီး ထွက်ခွာသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒိထက်ပိုတဲ့ အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

အခုလိုအဆင့်မြင့် လေယာဉ်တစ်စင်း ပျောက်ဆုံးမှုကို အွန်လိုင်းမှာ မယုံနိုင်လောက်စရာ မှတ်ချက်တွေ ထွက်ပေါ်နေ တယ် လို့ ဆိုပါတယ်။

” F 35 က ဘယ်ငရဲပြည်မှာ ပျောက်သွားတာလည်း၊ ခြေရာခံ ကရိယာကရော ဘယ်မှာလည်း ပြည်သူတွေ မေးနေပြီ” ဆိုပြီး ချားလ်စတန် ဧရီယာ ကိုယ်စားပြု့ ကွန်ဂရက်အမတ် နန်စီ မေ့စ်က တာဝန်ရှိသူတွေကို မေးခွန်းထုတ်လိုက်တယ်လို့လည်း သိရပါတယ်။

Ref: AFP/wk(lk)

ပုံစာအညွှန်း။ F35 တိုက်လေယာဥ်တစ်စင်းကို တွေ့ရပုံ

 Feature Image Credit:USNI NEWS

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *