
Photo Credit: Ian MacNicol/Getty Images
အန်တာကီယာ၊ ဖေဖေါဝါရီ ၁၉
ဖေဖေါ်ဝါရီ ဒုတိယသီတင်းပတ်လောက်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ အီးပီအယ်လ် ကစားသမားဟောင်း ဂါနာတိုက် စစ်မှုး ခရစ်ရှန် ဟတ်ဆုရဲ့ အလောင်းကို ငလျင်ကြောင့် လဲပြိုနေတဲ့ တူရကီကအဆောက်အဦ အပျက် အစီး တွေ ကြားမှာ ဖေဖေါ်ဝါရီ ၁၈ရက် စနေနေ့ က တွေ့ခဲရတယ်လို့ သိရပါတယ်။
“ဝမ်းနည်းစွာနဲ့ပဲ ခရစ်ရှန် ဟတ်ဆု ရဲ့ အလောင်းကို ဒီနေ့မနက်မှာ ပြန်ကောက်လာပါပြီ ဆုတောင်းပေးတဲ့သူ အားလုံး ကို ကျွန်တော့် နှလုံးသားထဲက အလေးအနက်ထားပါတယ်” လို့ သူ့ရဲ့ အေးဂျင့် နာနာ ဆက်ရှဲ က တွစ်တာမှာ ရေးခဲ့ပါတယ်။
ရုပ်အလောင်းကို ဟတ်ဆုရဲ့ တိုက်ခန်းအပျက်အစီးတွေအောက်က ပြန်တွေ့ ခဲ့တာဖြစ်ကြောင်း ဟတ်ဆုရဲ့ အစ်ကို၊ အစ်မတို့နဲ့ အတူ ဂါနာနိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း တရားဝင် အတည်ပြု့ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ခုနှစ် မှာ တူရကီကလပ် ဟာတေစပေါ ကို ပြောင်းမလာခင် ပရီးမီးယားလိ့ခ် ထိပ်တန်းအသင်းတွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အဲဗာတန်၊ ဘုန်းမောက်နဲ့ နယူးကာဆယ်တို့အပါအဝင် အခြားအင်္ဂလန်ကလပ်တွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။
ဟတ်ဆုဟာ နိုင်ငံကိုယ်စားပြုပွဲပေါင်း ၆၅ပွဲအထိကို ကစားပေးခဲ့သူ ဖြစ်ပြီး 2015 Africa Cup of Nations ပွဲမှာ ဂါနာ အသင်းကို နောက်ဆုံးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ သူလည်း ဖြစ်ပါတယ်။ အဲ့ဒိပွဲမှာ အိုင်ဗရီကို့စ်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဟတ်ဆု ဟာ အဲ့ဒိပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဂါနာဘောလုံးအဖွဲ့ချုပ်ကလည်း ဟတ်ဆုရဲ့ ဇနီးနဲ့ကလေးတွေအတွက် “အလေးအနက်ဆုံးဝမ်းနည်းကြောင်း” စာလွှာပေးပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖေါဝါရိ ၁၉ရက်နေ့မှာတော့ တူရကီက တားကစ်ရှ်လေကြောင်းလိုင်းနဲ့အတူ အသက် ၃၁နှစ်အရွယ် ဟတ်ဆုရဲ့ ရုပ်အလောင်းကို မိခင်ဂါနာနိုင်ငံဆီ ပြန်လည်သယ်ဆောင်လာခဲ့ပြီး အခမ်းအနားနဲ့ ပြန်လည် လက်ခံခဲ့ကြပါတယ်။ ဒိနောက်တော့ ခရစ်စီယန် ဘုရားကျောင်းမှာ အသုဘအခမ်းအနားကို ဆက်ပြီး ကျင်းပမယ့်အကြောင်း သိရှိရပါတယ်။
Ref: CNN

Photo Credit: Owen Humphreys/PA/AP