ပျူမြို့ဟောင်းနဲ့ပုဂံမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အောင်ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံခြားသားပညာရှင် ဒေါက်တာ Elizabeth Moore ကွယ်လွန်

ပျူမြို့ဟောင်းနဲ့ပုဂံမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အောင်ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံခြားသားပညာရှင်၊၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ် ထူးဆောင် ပါမောက္ခဒေါက် တာ Elizabeth Moore ဟာ ဇန်နဝါရီလ၁၃ လန်ဒန်စံတော်ချိန် ညနေ၅နာရီ၂၀ မိနစ်က (၉၆)ပါးသောရောဂါနဲ့ University College London Hospital ဆေးရုံမှာကွယ်လွန်သွားခဲ့ပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက သိရပါတယ်။

ပါမောက္ခဒေါက်တာ Elizabeth Mooreဟာ ၁၉၈၉- ၁၉၉၀ မှစပြီးရှေးဟောင်း သုတေသနဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့အ မွေအနှစ်စာ ရင်းတင်သွင်းခြင်းလုပ်ငန်း အတွက် Nomination Dossierကိုရေးသားရာမှာ အဓိကပါဝင် ရေးသားခဲ့တဲ့အ ပြင် ၂၀၁၆ -၂၀၁၈ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် Nomination Dossier ကိုလည်း ပါ ဝင်ရေးသားပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီးရွှေတိဂုံဘုရားသ မိုင်း၊ Early Landscape of Myanmar ၊ Pyu Landscape ၊ Wider Bagan စသည့် စာအုပ်များအပါအဝင် စာအုပ်နှင့်စာတမ်းပေါင်းများစွာကိုရေးသား ခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ရှေးဟောင်းသုတေသနဌာနမှာ ပြင်ပပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နှင့် တွဲဖက်ပြီး မြန်မာနိုင်ငံအတိတ်သမိုင်းမှာထွန်းကားခဲ့တဲ့ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု သုတေ သနလုပ်ငန်းများကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့ပါသေးတယ်။

ဒေါက်တာ Elizabeth Mooreဟာ ဓိကတာဝန်ထမ်းဆောင်တဲ့ SOAS University of Londonမှာ ရှေး ဟောင်း သုတေသနနှင့် သမိုင်းဘာသာရပ်ကို လေ့လာဆည်းပူးနေတဲ့ မျိုးဆက်သစ် မြန်မာလူငယ်များကို ပ ညာသင်ကြားနိုင်ရေးအတွက်လည်း များစွာကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး SOAS University of London မှ ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူကျောင်း သားများကို လက်တွေ့ သုတေသနစာတမ်းများနှင့်စာ တမ်းဖတ်ပွဲများကျင်းပပြုလုပ်ပြီး ပညာရပ်ဆိုင်ရာများ ကွင်းဆက် မပြတ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *