ပဲရစ်မြို့က ကမ္ဘာကျော် အီဖယ်လ်မျှော်စင် ကြံ့ခိုင်မှုဆိုးရွားနေ အမြန်ပြုပြင်ဖို့ လိုအပ်လျက်ရှိ

ပဲရစ်မြို့က ကမ္ဘာကျော် အီဖယ်လ်မျှော်စင်

ပဲရစ်၊ ဇူလိုင် ၅

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ကြီးရဲ့  ကြံ့ခိုင်မှု့ အ‌ခြေအနေက အတော်ဆိုးရွားနေတာမို့ အမြန်ပြုပြင်ဖို့လိုအပ်နေတယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။ ပြင်သစ်မဂ္ဂဇင်းမယ်ရီအန်းရဲ့  ထောက်လှမ်းစုံစမ်းမှုတွေက တဆင့် ဖော်ထုတ်ရေးသားလိုက်တာက မျှော်စင်ကြီးမှာ သံ‌ချေးတွေ အများကြီးတက်နေတယ်။ ဒိအတွက် အလုံးစုံပြုပြင်ဖို့ မဖြစ်မနေလိုအပ်နေတဲ့ အကြောင်း ရေးသားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်  အကြီးစားပြုပြင်ရမယ့်အစား တာဝန်ရှိသူတွေက ၂၀၂၄ ပဲရစ်အိုလံပစ် မတိုင်မီ ဆေးအလှသုတ်ဖို့ ယူရို သန်း၆၀ ဘတ်ဂျက်ချပေး လိုက်တဲ့အကြောင်းလည်း ဖွင့်ချခဲ့ပါတယ်။

ပြင်သစ်ဗိသုကာ မစ္စတာ အီဖယ်လ် က ၁၉ရာစုနှောင်းပိုင်း ကာလမှာ တည်ဆောက်ခဲ့တဲ့ အဲဒိမျှော်စင်ကြီးက ၃၂၄ မီတာ (၁၀၆၃ပေ) အမြင့်အထိရှိပြီး ကမ္ဘာတစ်ဝန်းက ခရီးသည်တွေ လာရောက်လည်ပတ်မှုက တစ်နှစ်ကို ၆သန်းထက်မနည်း စံချိန်တင် ရှိနေတဲ့ လည်ပတ်စရာ နေရာတစ်ခုလည်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာ မျှော်စင်ကြီးက သံချေးတွေ အလိမ်းလိမ်းနဲ့  ကြံ့ခိုင်မှု  ကျဆင်းနေတဲ့ အကြောင်း ပညာရှင်တွေရဲ့ တွေ့ရှိချက်ကို မယ်ရီအန်းမဂ္ဂဇင်းက ဖော်ကောင်လုပ် ရေးသားခဲ့တာ ဖြစ်ပါတယ်။

မျှော်စင်ရဲ့ အမည်မဖော်လိုသူ မန်နေဂျာတစ်ဦး ကတော့ ဒီမျှော်စင်ကို မစ္စတာ အီဖယ်တစ်ယောက် အလည်များရောက်လာခဲ့ရင်တော့ ချက်ချင်း နှလုံးရောဂါရသွားနိုင်တယ် ဆိုပြီး မယ်ရီအန်းကို ပြောပါတယ်။

မျှော်စင်ကြီးကို ကြီးကျပ်ရတဲ့ တာဝန်အရှိဆုံးအဖွဲ့ ဖြစ်တဲ့ Societe d’Exploitation de la Tour Eiffel (SETE) ကိုမဂ္ဂဇင်း သတင်းအဖွဲ့က ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူးလို့ ဆိုပါတယ်။

မျှော်စင်ကြီးကို  ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအမီ  လက်ရှိ ဆေးသုတ် တဲ့အတွက် ကုန်ကျငွေက ယုရိုသန်း၆၀ဖြစ် ပြီး အခုအကြိမ်က မျှော်စင်ကြီးသက်တမ်းတစ်လျှောက် အကြိမ်၂၀ မြောက် ဆေးသုတ်တာ ဖြစ်တဲ့ အကြောင်းလည်း သိရပါတယ်။

ဆေးသုတ်မွမ်းမံတဲ့ အဖွဲ့တွေ အနေနဲ့ကလည်း မျှော်စင်ရဲ့ ၃၀ ရာခိုင်နူန်းအထိ ဆေးဟောင်းတွေကို ခွာချပြီး အသစ်ပြန်သုတ်ဖို့ လုပ်နေပေမယ့် ကိုဗစ်ကြာင့် နှောင့်နှေးတာတွေ ကြုံ့ခဲ့တယ်လို့လည်း မယ်ရိအန်းက ဖော်ပြထားပါတယ်။ နည်းပညာအရ ပြောရရင် အရင်ဆေးဟောင်းတွေက ခဲဓါတ်ပါဝင်မှု များတာမို့ အခက်အခဲတွေ ပိုများတယ်လို့ ဆိုပါတယ်။

မျှော်စင်ကြီးကျပ်ရေးအဖွဲ့ ဖြစ်တဲ့ SETE တော့ ဧည့်ဝင်ငွေတွေ လျော့ကျထိခိုက်မှာကို စိုးရိမ်ကြောင်း ဒါကြောင့် မျှော်စင်ကြီးကို အချိန်ကြာကြာပိတ်ထားပြီး ပြုပြင်တာမျိုး လုပ်ဖို့ အတော့်ကို ဝန်လေးကြောင်းလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ အကြောင်းသိရပါတယ်။

Ref: REUTERS

Photo Credit: FRANCK FIFE/AFP/AFP/Getty Images & Mike Hewitt/Getty Images Europe/Getty Images

Visited 53 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *