ပဲခူး အင်းတကော် ဆယ်မိုင်ကုန်းနားမှာ ယာဉ်တိုက်မှုဖြစ်ပြီး သားအဖ၃ဦးဆုံးပါး

၁၄ မေ၊၂၀၂၄

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်း အဆင်းနားမှာ မေလ ၁၂ရက်နေ့က ယာဉ်မတော်တဆမှုဖြစ်ပြီး သားအဖ၃ဦးစလုံး ဆုံးပါးသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီ့နေ့ နေ့လယ်ပိုင်းက မိသားစုလိုက်ပါလာတဲ့ ရန်ကုန် ကနေ ပဲခူးဘက်ကို မောင်းနှင်လာတဲ့ ကားတစ်စီးဟာ ဘူးလယ်အင်းကျေးရွာအနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိရာကနေ လမ်းတစ်ဖက်ခြမ်းသို့ ရောက်ရှိသွားပြီး ပဲခူး ကနေ ရန်ကုန် ဘက်သို့ မောင်းနှင်လာတဲ့ ၂၂ဘီး အဖြူရောင်တွဲကားအား ထပ်မံတိုက်မိခဲ့ရာကနေ ယာဉ်မတော်တဆမှုဖြစ်ခဲ့တာလို့သိရပါတယ်။

အခင်းဖြစ်နေရာမှာပဲ အသက်၄၇နှစ်အရွယ်ရှိတဲ့ ဖခင်ဖြစ်သူနဲ့ ၁၇နှစ်အရွယ်သားဖြစ်သူအပါအဝင်၁၂နှစ်အရွယ်သမီးဖြစ်သူတို့ ပွဲချင်းပြီးဆုံးပါးသွားခဲ့ရပါတယ်။

“ပဲခူးတစ်မြို့လုံးစိတ်မကောင်းဖြစ်နေကြတာ။ဝမ်းနည်းမိတယ်။ဒီလိုအဖြစ်ဆိုး ဒီဘဝနဲ့ပြီးဆုံးပါစေ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *