ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ နန်း တော်ကုန်းကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် (၃၃/၄)မှာ ဒီဇင်ဘာလ၈ရက် မနက် ၉နာရီ၃၅ မိ နစ်က ဆီသယ်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာကို ပဲခူးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့နဲ့ မီးလောင်မှုမဖြစ် ပွားစေဖို့အတွက်အ အေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာလ၈ရက်နေ့မနက် ၇နာရီ၅၉မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း မှာ ဆီသယ်ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဥ်တစ်စီးလုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
Visited 45 times, 1 visit(s) today



