၈ အောက်တိုဘာ၊၂၀၂၃
ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာကို ကျော်လွန်မြင့်တက်လာသောကြောင့် ယနေ့ အောက်တိုဘ ာလ ၈ ရက်နံနက်က စ၍ ယာယီရေဘေး ရှောင်စခန်း(၂၉)ခုဖွင့်လှစ်ထားရကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ က သိရသည်။



ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအားကျော်လွန်ပြီး (၉၄၀)စင်တီမီတာသို့ရောက်ရှိ နေပြီဖြစ်သောကြောင့် လက်ရှိတွင် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင် ရောက်နေကြောင်းလည်း သိရသည်။
ယင်းအပြင် ပဲခူးမြို့တွင်းရှိ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်နေသောကြောင့် ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၁၁)ခု၊ ကျေးရွာ(၆)ရွာ၌ ယာယီရေဘေး ရှောင်ကယ်ဆယ်ရေးစခန်း(၂၉)ခု ဖွင့်လှစ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
Visited 2 times, 1 visit(s) today