မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်များအရ အောက်တို ဘာလ၈ရက်နေ့ မွန်းလွဲ၂နာရီက ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည် ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အကြံပြုချက်ကတော့ အောက်တိုဘာလ၈ရက်နေ့မွန်းလွဲပိုင်းက စတင်ပြီး ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက် လက်တည်ရှိနေမှာဖြစ်ပြီး နောက်တစ်ရက်အတွင်း လက်ရှိရေမှတ်အထက် ၃ပေခန့် တက်လာနိုင်တာကြောင့် ပဲခူးမြို့နယ်အ တွင်းက မြေနိမ့်ပိုင်းဒေသများနဲ့ပဲခူးမြစ်ကမ်းပါးအနီး နေထိုင်သူများအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အောက်တို ဘာလ၈ရက်နေ့ မွန်းလွဲ၂နာရီတိုင်းထွာချက်များအရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀စင်တီမီတာ အထက် ၉၅၆စင်တီမီတာကို ရောက်ရှိနေပြီး နောက် ၂၄နာရီအတွင်း ပဲခူးမြစ်ရေဟာ ၁၀၄၆စင်တီမီတာကို
ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ၈ရက်နေ့ ပဲခူးမြို့မှာ မိုးရေ ချိန်စံချိန်မီ တင်ခဲ့ပြီး မိုးရေချိန်မှာ ၇.၈၇ လက်မဖြစ်ကာ ၂၂.၁၀.၂၀၁၈က စံချိန်ဟောင်းမှာ မိုးရေချိန် ၅.၇၅လက်မ ဖြစ်တယ်လို့ သိရပါတယ်။