ပဲခူးတွင် ရေဘေးစခန်း၃၀ကျော်ဖွင့်ထားရ

၁၀ အောက်တိုဘာ၊၂၀၂၃

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိသည့် ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်ရှိ တာဘောင်သည်ရေကျော်နေ၍ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေရသည်။

စာရင်းများအရ လက်ရှိတွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၆ ခုဖွင့်ထားရသည်။အိမ်ထောင်စု(၃၄၆၅)စု၊ ဘေးသင့်ပြည်သူ (၁၄၃၀၄) သည် အိုးအိမ်စွန့်ခွါပြီး ထိုစခန်းများတွင်ခိုလှုံနေကြရသည်။

ရေကြီးရာနေရာများတွင်ပင် အိုးအိမ်မစွန့်ဘဲ ဘေးလွတ်ရာနေအိမ်အပေါ်ထပ်၊အစရှိသည့် နေရာတို့ကိုရှိ ပြည်သူများကို ထည့်ပေါင်းလျှင် ဘေးသင့်ပြည်သူ သိန်းချီရှိနေသည်။“ပဲခူးမြို့လယ်တောင်ရေမြှပ်နေပါတယ်ဆို မနည်းဘူး”ဟု မြို့ခံတစ်ဦးကပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများ၊လူမှုကယ်ဆယ်အဖွဲ့များနှင့်မြန်မာနိုင်ငံမီးသတ်အဖွဲ့တို့က ကယ်ဆယ်ရေးနှင့်အစိုးရဘက်က ကူညီရေးများပြုလုပ်နေကြသည်ကိုတွေ့ရသည်။

ယနေ့အောက်တိုဘာ၁၀ရက် မနက်မှာပင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်(၃၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၃၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများနှင့်ပူးပေါင်း၍ ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *