ပဲခူးတိုင်း ဘုရားကြီးမြို့စျေးမှာ မီးလောင်မှုဖြစ်ပွား

■စျေးအတွင်းရှိ ရေခဲမုန့်ဆိုင်ရဲ့ Safe Guard အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ရတာဖြစ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်၊ဘုရားကြီးမြို့၊ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် (၄၅/၁) နဲ့ (၄၅/၂)ကြားက ဘုရားကြီးမြို့ဈေးမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်က မီးလောင်မှုတစ်ခုဖြစ် ပွားခဲ့တယ်လို့ မီး သတ်ဦးစီးဌာနက သိရပါတယ်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ၈ ရက်နေ့မနက် ၆ နာရီ၂၀မိနစ်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် (၄၅/၁)နဲ့ (၄၅/၂)ကြား၊ ဘုရားကြီးမြို့ဈေးရှေ့ရှိ “ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်”နှင့် “ထွန်းသစ်ဆေးဆိုင်”တို့မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် သန္ဓေမီးနဲ့အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းများနဲ့ပြည်သူများ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းမှာ ဒေါ်….(၃၅နှစ်)ပိုင်ဆိုင်တဲ့ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်အတွင်းရှိ လူနေထိုင်ခြင်းမရှိဘဲ ရေခဲသေတ္တာများကို အမြဲတမ်းမီးဖွင့်ထားခဲ့ရာကနေ Safe Guard မှာ အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့ရကာ မီးလောင်ကျွမ်းမှုကြောင့် ရေခဲ မုန့်ဆိုင်အ တွင်းရှိ Hisense တံဆိပ်ပါ ရေခဲသေတ္တာ ၁၁ လုံး ၊ Safe Guard ၂ လုံး၊ အချိုရည်ကဒ်မျိုးစုံ ၊ “ထွန်းသစ် ဆေးဆိုင်” အတွင်းရှိ ဆေးပစ္စည်းမျိုးစုံနှင့် ကိုကာကိုလာ ရေခဲသေတ္တာ ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သူ ရေခဲမုန့်ဆိုင်ပိုင်ရှင် ဒေါ်….(၃၅နှစ်)ကို ဘုရားကြီးနယ်မြေရဲစခန်းမှာ (ပ) ၁၉/၂၀၁၄၊ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *