ပဲခူးက ဝမ်းဘဲအင်းကျေးရွာ မိုးယွန်းကြီးအင်းကွင်းမှာ လှည်းမောင်းလာတဲ့အမျိုးသားနဲ့ကျွဲနှစ်ကောင် မိုးကြိုးထိမှန်ပြီး သေဆုံး

  • မိုးသက်လေပြင်းများ ကျနေချိန် လှည်းမောင်းလာရင်း မိုးကြိုးထိမှန်ခံခဲ့ရတာဖြစ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်၊ဝမ်းဘဲအင်းကျေးရွာ၊မိုးယွန်းကြီးအင်းကွင်းမှာ မေလ၁၂ရက်ညနေ၅ နာရီခွဲက မိုး သက်လေပြင်းများ ကျနေချိန် လှည်းမောင်းလာတဲ့အမျိုး သားနဲ့ကျွဲနှစ်ကောင် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကြိုးထိမှန်သေဆုံးခဲ့သူမှာ လယ်ယာလုပ်ငန်းများလုပ်ကိုင်အပြီး ပြန်လာတဲ့ လှည်းများထဲမှာ ရှေ့ဆုံးက မောင်းနှင်လာတဲ့လှည်းကို လေချွန် မိုးကြိုးထိမှန်ပြီး လူနဲ့ကျွဲနှစ်ကောင်ပါ သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *