ပဲခူးက ရွှေဘိုဒေါ်မ ဆေးလိပ်ခုံမှာ မီး လောင်မှုဖြစ်ပွားခဲ့

■မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ပျက် စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီး ဌာနက စိစစ်တွက်ချက်နေဆဲဖြစ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊နန်းတော်ရာရပ်ကွက်၊ ဥဿာ(၁)လမ်းက ရွှေဘိုဒေါ်မ ဆေးလိပ်ခုံမှာ ဇူလိုင်လ၂၆ရက် ညနေ၄နာရီ ၁၅မိနစ်ကနေ ၄နာရီ၂၅မိနစ်အထိ မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီး သတ်ဦးစီးဌာနကနေသိရပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ပျက် စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီး ဌာနက စိစစ်တွက်ချက်နေဆဲဖြစ်ပြီး မီး လောင်မှုဖြစ်ပွားရာကို ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှမီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပဲခူးခရိုင်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေ သယ်ယာဉ်(၁)စီး၊နယ်မြေမီးသတ်စခန်း မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ် ယာဉ်(၁)စီးတို့နဲ့ မီးငြှိမ်းသတ်ပေးခဲ့ရ တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *