ပဲခူးက စေတဝန်ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ကလျာဏီရပ်ကွက်၊ စေတဝန်ကျောင်းလမ်း၊ စေတဝန်ဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ၁၆ရက်မနက်၁၂နာရီ၁၀မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

Photo– MFSD

မီးလောင်မှုဖြစ်ပွားရာကို ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ပေးခဲ့ရပြီး နံနက်၁၂နာရီ၃၅မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *