ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်း တည် မြို့၊ နွယ်ချို(၁)ရပ်ကွက်၊ အရှေ့လမ်းမှာ မေလ၂၃ရက်မနက်၄နာရီခွဲက မီးလောင် မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ်၅လုံး မီး လောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာ နကနေ ကနဦးစုံစမ်းသိရှိရပါတယ်။


မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စိစစ်နေဆဲလို့ သိရပါ တယ်။


မီးလောင်မှုဖြစ်ပွားရာကို ပြည်ခရိုင်မီး သတ်စခန်းက အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်းက မီး ငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ် ယာဉ်(၃)စီး၊ပေါင်းတည်အရန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သဲကုန်းမြို့ နယ်မီးသတ်စခန်းက မီးငြှိမ်းသတ် ယာဉ် (၂)စီး၊မီးသတ်ရေသယ်ယာဉ်(၃)စီး၊နတ္တလင်းမြို့နယ်မီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များကထွက်ခွာငြှိမ်းသတ် ပေးခဲ့ရပါတယ်။
Visited 11 times, 1 visit(s) today



