ပေါင်းတည်မြို့က ပြည်-ပေါက်ခေါင်းကားလမ်းမှာ အမည်မသိ အမျိုးသားရုပ်အလောင်းတွေ့

  • သေဆုံးသူရဲ့ဦးခေါင်းအနီးမှာ အနက်ရောင်သေမင်း တမန်အဖွဲ့စာတမ်းပါ ကတ်တစ်ကတ်ချိတ်ဆွဲထား

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတလည်မြို့၊အနောက်ပိုင်းရပ်ကွက်၊ ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ်မှာ မေလ၁၃ရက်မနက်၆နာရီ၂၀မိနစ်က ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမည်မသိအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို လာရောက်စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေဆုံးသူ ဒီပတ်ဝန်းကျင်က မဟုတ်ဘူးနဲ့တူတယ်။သူ့ကို ဘယ်သူမှ မသိကြဘူး။ မျက်နှာနဲ့ခေါင်းတွေမှာလည်းသွေးတွေနဲ့လျှာထွက်ပြီး သေနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်ယ လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *