မွန်ပြည်နယ်၊ပေါင်မြို့၊မိုးနိုင်းရပ်ကွက်ရှိ သာသနာပြု ဓမ္မစကြာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော် တစ် ပါးကို လူငယ်ယောက်က ရဲဒင်းနဲ့ခုတ်သတ်ပြီး ရုပ်အလောင်းကို အိမ်သာကျင်းထဲ စွန့်ပစ်မှုဖြစ်တစ်ခု ဇွန်လ၂၀ရက် ညပိုင်း က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ သိန်းဇော်၊ ရဲလင်းထွန်း(ခ) ငမျောက်၊ ဘိုဘိုနှင့် အနှေးဆိုတဲ့ လူငယ် လေးယောက်ဟာ ဓမ္မစကြာဘုန်းကြီး ကျောင်းအနီး အရက်သေစာ သောက်စား နေစဉ် သံဃာတော်ဥူးကောသလ္လ(ခ) ဦးဖောင်စိန်ရောက်ရှိလာပြီး စကားများ ရန်ဖြစ်ခဲ့ရာ လူငယ်လေးယောက်က ဥူးကောသလ္လကို ရဲဒင်းနဲ့ခုတ်သတ်ပြီးကျောင်းတိုက် အနောက်ဘက်ရှိ အိမ်သာ ကျင်းတွင်း ပစ်ချခဲ့ပြီး ရုပ်အလောင်းကို ဖျောက်ဖျက်ခဲ့တာလို့ သိရပါတယ်။
သံဃာတော်ကို သတ်ဖြတ်ခဲ့တဲ့ လူငယ် လေး ယောက်အနက် ရဲလင်းထွန်း(ခ)ငမျောက်၊ ဘိုဘိုနှင့် အနှေးတို့ကို ဖမ်းဆီးရမိခဲ့ပြီးသိန်း ဇော်ဆိုသူမှာထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

