ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့က ကုလားမတောင်တက် လမ်းမှာ ယာဥ်မတော်တဆမှုဖြစ်ပွား

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့က ကုလားမတောင်တက်လမ်း၊တာဝါတိုင်အနီးမှာ ဇန်နဝါရီလ၃ရက်ည နေပိုင်းကယာဥ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကုလားမတောင်ဆရာ တော်ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက ကနဦးစုံစမ်းသိရှိရပါတယ်။

ယာဥ်မတော်တဆမှုဖြစ်ပွားရာကို ဒေသခံကူညီကယ် ဆယ်ရေးအဖွဲ့တွေ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၇ရက်ကလည်း ကုလားမတောင်အ တက်လမ်းမှာ တောင်တက်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် လူ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

Visited 88 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *