ပေါင်မြို့နယ်မှာ ရထားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ယာဥ်မောင်း ခြေကျိုးသွားခဲ့

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ-သဲကုန်းကျေးရွာ အဆင်းလမ်းပိုင်း၊ ရထားလမ်းကူးနေရာမှာ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ၄နာရီခန့်က ရထားဖြတ် သန်းနေချိန် ဆိုင်ကယ်က ဖြတ်ကူးခဲ့တာကြောင့် ရထားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ် ပွားခဲ့ရပြီး ဆိုင်ကယ်ယာဥ်မောင်း ခြေကျိုးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရထားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်စဥ်မှာ ဆိုင်ကယ်ယာဥ်မောင်းအမျိုးသားဟာ ခြေကျိုးခဲ့တဲ့အပြင် ဖူးယောင်ပေါက်ပြဲဒဏ် ရာတွေပါရရှိခဲ့တာကြောင့် လူနာတင်ယာဥ်နဲ့ နီးစပ်ရာ ရင်းငြိမ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *