- လူနေအိမ်၁၅၀လုံးနဲ့ခိုလှုံရာအဆောင်၃၅လုံး မီးထဲပါသွားခဲ့ပြီး လူဦးရေ(၃၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဓါတ်ပုံ။ CJ
ပေါက်တော၊ မေ ၇
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းမှာ မေလ ၇ ရက်ညနေ၅ နာရီခွဲကျော်က မီးလောင် မှု ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ်၁၅၀လုံးနဲ့ ခိုလှုံရာအဆောင်၃၅လုံး မီးထဲပါသွားခဲ့ပြီး လူဦးရေ(၃၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ကြိမ်နီပြင်ဒုက္ခသည်စခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်အရင်းကတော့ ဒုက္ခသည်စခန်းမှာ နေထိုင်သူ ဦးအီလီယာရဲ့နေအိမ်မှာ ဇနီးဖြစ်သူက ထ မင်းဟင်း ချက်ရာကနေ မီးစတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မီးစတင်လောင်ကျွမ်းခဲ့ရတဲ့ နေအိမ်က ဦး အီလီယာနဲ့ဇနီးဖြစ်သူတို့က ထွက်ပြေးတိမ်း ရှောင်နေတယ်လို့ သိရပါတယ်။
ကြိမ်နီပြင်မွတ်ဆလင်ဒုက္ခသည်စခန်းကို ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ အပြီး၂၀၁၂ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ တာဖြစ် ပြီး လူဦးရေ ၇၀၀၀ကျော်နေထိုင်လျှက် ရှိတယ်လို့ သိရပါတယ်။