ပေကျင်းဆေးရုံက ပြု့ပြင်ရေးလုပ်ငန်းခွင် မီးလောင်မှု ဖြစ်ပွား လူ ၂၉ ဦး သေဆုံး

ပေကျင်း၊ ဧပြီ ၁၈

တရုတ်နိုင်ငံ မြို့တော် ပေဂျင်းက ဆေးရုံမှာ  ဧပြီ ၁၈ရက်အင်္ဂါနေ့က မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပြီး လူ ၂၉ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး လတ်တလော လူ ၁၂ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့လည်း သိရပါ တယ်။

မီးလောင်မှုအစက  ရှန်ဖန်း ဆေးရုံရဲ့  အတွင်းလူနာဆောင် အဆောက်အအုံကို မီးစလောင်ခဲ့တာ ဖြစ်ပြီး ဆေးရုံ အတွင်းပိုင်း ပြုပြင်ရေးလုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းခွင်ထဲက မီးလောင်လွယ်တဲ့ သုတ်ဆေးတွေကို မီးပွားစင် ရာ က စပြီး လောင်ကျွမ်းခဲ့ တာလို့  ပေကျင်းမီးသတ်ဌာနရဲ့ တာဝန်ရှိသူက ဒီနေ့ ဧပြီ ၁၉ရက် ဗုဒ္ဓဟူးနေ့မှာ ပြောဆို ပါတယ်။

ဆေးရုံဒါရိုက်တာနဲ့ ဆောက်လုပ်ရေးလုပ်သားတချိုဟာ အဓိကပေါ့ဆမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၁၂ ဦးထဲမှာ ပါ ကြောင်းကိုလည်း ပေကျင်းပြည်သူ့လုံခြုံရေးဗျူရိုက တာဝန်ရှိသူ ဆန် ဟိုက်တောက် က ပြောပါတယ်။

သေဆုံးသူ ၂၉ဦးအနက် ၂၆ ဦးဟာ ပျမ်းမျှအသက် ၇၁ နှစ်အရွယ်တွေ ဖြစ်ပြီး အတွင်းလူနာတွေ လည်း ဖြစ်ပါတယ်။ အသက်အကြီးဆုံးက ၈၈ နှစ်ဖြစ်ပြီး၊ ကျန်သေဆုံးသူတွေထဲမှာ သူနာပြုတစ်ဦး၊ ပြုစုစောင့် ရှောက်ရေးဝန်ထမ်းတစ်ဦး မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့အကြောင်း  ခရိုင်အစိုးရ လက်ထောက်အကြီး အကဲ လီ ဇောင်ဂ‌ရောင်းက ပြောဆိုပါ တယ်။

ဗုဒ္ဓဟူးနေ့အထိ ဒဏ်ရာရသူ ၃၉ ဦး ဆေးရုံမှာ ကျန်ရှိနေပြီး သုံးဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ လည်း သိရပါ တယ်။

ဆိုရှယ်မီဒီယာမှာ အင်္ဂါနေ့က မျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ လူတွေက မီးဘေးကနေ လွတ်မြောက်ဖို့ အသည်းအသန် ကြိုးစားကြတာတွေ၊ ဆေးရုံပြတင်းပေါက်တွေကနေ မီးခိုးတွေ ထွက်လာတာတွေ၊ မြင်ရပြီး အနည်းဆုံး လူတစ်ဦးက ပြတင်းပေါက်ကနေ အောက်ထပ် လှေကားထစ်ပေါ်ကို ဆင်းဖို့အိပ်ယာခင်းကို ကြိုး အဖြစ် သုံးခဲ့တဲ့ပုံတွေလည်း တွေ့မြင် ကြရတယ်လို့ သိရပါတယ်။

Ref: CNN

photo Credit: Greg Baker/AFP/Getty Images

Leave a Reply

Your email address will not be published. Required fields are marked *