ပူလစ်ဇာဆုရှင်ကက်ရှ်မီးယားသတင်းထောက် ဆန်နာ အီရှတ် မက်တူးကို အိန္ဒိယအာဏာပိုင်တွေက ပြည်ပထွက်ခွာခွင့်ပိတ်

ပူလစ်ဇာဆုရှင် ဆန်နာ အီရှတ် မက်တူး
Photo Credit: SOPA IMAGES

ဒေလီ၊ အောက်တိုဘာ ၁၉

အိန္ဒိယရဲ့အုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားက ပူလစ်ဇာဆုရ  အမျိုးသမီးဓာတ်ပုံသတင်းထောက်တစ်ဦး ဖြစ်တဲ့ ဆန်နာ အီရှတ် မက်တူးတစ်ယောက်  ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံကို ထွက်ခွာဖို့ ဒေလီလေဆိပ် ကို ရောက်နေတဲ့ အချိန် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက တားမြစ်ထားလိုက်တဲ့ အကြောင်းသိရပါတယ်။

မစ္စမက်တူး ကို ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းဓါတ်ပုံတင်ဆက်မှုအတွက် ဆုချီးမြှင့်တာဖြစ်ပြီး ဆုပေးပွဲအခမ်းအနား တက်ရောက်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာဖို့ရာဒေလီလေဆိပ် ရောက်နေတုန်းမှာပဲ  လေဆိပ်တာဝန်ကျ လူဝန်မှု့ကြီးကြပ်ရေး အရာရှိတွေရဲ့ တားမြစ်တာကို ခံခဲ့ ရတာလို့ သိရပါတယ်။

မစ္စမက်တူးက သူမှာ “တရားဝင်ဗီဇာနဲ့ လေယာဥ်လက်မှတ်ရှိနေလျက်နဲ့ တားမြစ်ခံရတာ” လို့ ပြောပါတယ်။ အိန္ဒိယအစိုးရဘက်က တော့ သူ့ကို ဘာအတွက်ကြောင့် တားမြစ်ထားတယ်ဆိုတာ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ သူ့ရဲ ပြောပြချက်အရကတော့ ဒီလိုမျိုး ခရီးသွားခွင့်ကို ပိတ်ပင်ခံရတာ လေးလအတွင်း ဒုတိယအကြိမ်လို သိရပါတယ်။

အာဏာပိုင်တွေက အခုနှစ် ၂၀၂၂ ထဲမှာ တက်ကြွလှုပ်ရှားသူတွေ နဲ့ သတင်းထောက်တွေကို နိုင်ငံပြင်ပထွက်ခွာတာရော နိုင်ငံထဲကို ဝင်တာပါ တားမြစ်ထားတာဖြစ်ပါတယ်။

တွစ်တာပေါ်က မစ္စမက်တူးရဲ့ ပို့စ်

၂၀၂၂ နှစ်ဆန်းပိုင်း  မတ်လတုန်းကလည်း ဝါရှင်တန်ပို့စ်အတွက် ရေးသားနေတဲ့ သတင်းထောက် ရာနာ အာရပ် ဟာနိုင်ငံတကာ သတင်းထောက်စင်တာမှာ မိန့်ခွန်းပြောဖို့  ဗြိတိန်ကိုသွားမယ့် လေယာဉ်ပေါ်တက်ခါနီးလေးမှာပဲ မွမ်ဘိုင်းလေဆိပ်အာဏာပိုင်တွေကတားမြစ်တာခံခဲ့ရပါတယ်။ သတင်းထောက်ရာနာတစ်ယောက်ဒေလီ တရားရုံးချုပ်မှာ  ဆုံးဖြတ်ချက်ကို အယူခံဝင်ပြီးတဲ့နောက်  ခွင့်ပြုချက်ရခဲ့တာမို့  ရက်အနည်းငယ်အကြာမှာပဲ ခရီးထွက်ခွာခွင်ရခဲ့ပါတယ်။

အလားတူစွာ ပြီးခဲ့တဲ့ ဧပြီလမှာ  အိန္ဒိယက လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အကြီးအကဲဟောင်း အာကာ ပတ်တဲ တစ်ယောက်လည်း  လေဆိပ်မှာ အမေရိကန်ကို လေယာဉ်တက်ခွင့် နှစ်ကြိမ် ပိတ်ပင်ခံခဲ့ရသေးတယ် လို့ သိရှိရပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *