- ရဝမ်အမျိုးသမီးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဟာ အမျိုးသမီးငယ်ရဲ့ဖုန်းကို ရောင်းချကနေ ဖမ်းမိခဲ့တာဖြစ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ အ သက်၁၅ နှစ်အရွယ်ရဝမ်အမျိုးသမီးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ်ပေးဖို့ မြိုခံများစုပေါင်းပြီး မေလ၁၃ရက်၊မနက်၁၀နာရီက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဖြစ်စဥ်မှာ မေလ၁၀ရက်နေ့က အသက် (၁၅)နှစ်အ ရွယ် မဂွန်ရိန်ဒူနော်က မိခင်ဖြစ်သူကို မုန့်ညှင်းဆီကြိတ်ဖို့ ဆီစက်ကို ကူ ညီပို့ဆောင်ပေးပြီး အပြန် လူသွားလူလာပြတ်တဲ့ သက်ငယ်တောတစ်နေရာမှာမုဒိန်းကျင့်ခံခဲ့ရတဲ့အပြင် ညှင်းပမ်းနှိပ်စက်ခြင်း၊ ခြေလက်အင်္ဂါများ ရိုက်ချိုးခံရခြင်းနဲ့ လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး မဂွန်ရိန်ဒူနော်ကို မုဒိမ်းကျင့်သတ် ဖြတ်ခဲ့တရားခံဟာ အမျိုးသမီးငယ်ရဲ့ ဖုန်းကို ဖုန်းဆိုင်မှာ လာရောင်းရာကနေ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဝင်များက ဖမ်း ဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလက်ကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ရက်ရက်စက်စက်မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ရဝမ်အမျိုး သမီးငယ်ရဲ့စျာပနကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ပူတာအိုမြို့ခံတွေဟာ စျာပနပို့ဆောင်ရင်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့တရားခံကို သေဒဏ်ပေးဖို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့လည်း သိရပါတယ်။



