ပူတင်နဲ့ ရှီ အကျပ်အတည်းကိုယ်စီ ရင်ဆိုင်နေရချိန် အွန်လိုင်းကနေတွေဆုံ

 
 ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ ဘရာဇီးလ်နိုင်ငံ၊ ဘရာစီလီယာမှာ ၂၀၁၉ နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံစဉ်။
Photo Credit: Mikhail Svetlov/Getty Images

ဟောင်ကောင်၊ ဇန်နဝါရီ ၁

မော်စကိုက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ချိန်ကစ ကမ္ဘာ့ဇာတ်ခုံမှာ အထီးကျန်ဆန်လာတာမို့ အနောက်နိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးဟာ အရင်ကထက် ပိုအရေးကြီးလာတယ်လို့  ဒီဇင်ဘာ ၃၀ရက် သောကြာနေ့က လုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောခဲ့ပါတယ်။

ယူကရိန်းမှာ စစ်မီးက တဟုန်းဟုန်းတောက်လောင်နေပြီး  ရှီ့အနေနဲ့ကလည်း  မကြုံစဖူးရင်ဆိုင်နေရတဲ့ ကိုဗစ်နောက်ဆက် တွဲ ရိုက်ခတ်မှုကို ခံနေရချိန်   ခေါင်းဆောင်နှစ်ဦးကြား အခုလို တွေဆုံတာဟာအိမ်တွင်း အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ အပြန်အလှန်အားကိုးမှုကို အလေးပေးဖော်ပြတာလို့ လည်း ဖော်ပြ ကြပါတယ်။

ရုရှားနိုင်ငံပိုင် တီဗီကနေ ထုတ်လွှင့်တဲ့ အဖွင့်မိန့်ခွန်းမှာ ရုရှား-တရုတ် ဆက်ဆံရေး တည်ငြိမ်ရေးအတွက်ဆိုတဲ့  တွန်းအားဟာ ပထဝီနိုင်ငံရေး တင်းမာမှုတွေ ကြီးထွားလာတာနဲ့အမျှ ပိုပြီး အရေးကြီးလာတယ်လို့ သမ္မတပူတင်က ပြောပါတယ်။

ရုရှားခေါင်းဆောင်က နှစ်နိုင်ငံကြား ဆက်ဆံရေးက အခုချိန်မှာ ကောင်းမွန်နေတယ်ဆိုတာကို  “သမိုင်းတစ်လျှောက် အကောင်းဆုံး” ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြခဲ့ပြီး သူတိုဟာ “စမ်းသပ်မှုအားလုံးကို ခံနိုင်ရည်ရရှိခဲ့တယ်” လို့လည်း ပြောဆိုကာ ရှီ့ကို ၂၀၂၃ ခုနှစ် နွေဦးပေါက်မှာ မော်စကိုသို့ လာလည်ဖို့လည်း ဖိတ်ကြားလိုက်ပါတယ်။

 ပူတင်ကပဲ “အနောက်နိုင်ငံတွေရဲ့ မကြုံစဖူး ဖိအားတွေ၊ ရန်စမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ကျွန်တော်တို့ဟာ ကိုယ်ပိုင် ရပ်တည်ချက်တွေကို ကာကွယ်ပြီး စစ်မှန်တဲ့ ဒီမိုကရက်တစ်စနစ်အတွက် ရပ်တည်ခဲ့တယ်” လို့လည်း ပြောပါတယ်။

မော်စကိုနဲ့ ပေကျင်း ဟာမကြာသေးတဲ့နှစ်တွေ အတွင်း အတွင်း ပိုမိုနီးကပ်လာခဲ့ပြီး  ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားက ယူက ရိန်:ကို မကျူးကျော်မီကတည်းကကို နှစ်နိုင်ငံကြားမှာ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံမှုရှိကြောင်း ရှီနှင့် ပူတင်တို့က ပြောပါတယ်။  ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ ရုရှား အပါအဝင် အခြားနိုင်ငံတွေနဲ့လည်း  ပုံမှန်နယ်စပ်ဖြတ်ကျော် ခရီးသွားလာတာကို ပြန်စဖို့အသင့်ဖြစ်နေတယ်လို့လည်း ရှီက ပြောခဲ့တဲ့ အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

 လက်ရှိမှာ  ရုရှားကို နိုင်ငံတိုင်းလိုလိုက ထောက်ခံတာတွေ မရှိသလောက် ဖြစ်နေချိန်မှာ ထောက်ခံသူအဖြစ်နဲ့ ထီးထီးကြီးကျန်နေတာ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။

Ref:BBC

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *