ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ အမျိုးသားတစ်ဦိး ‌ဆေးကြောင်ပြီး တက်သွား၍ကယ်ဆယ်ခဲ့ရ

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ အမျိုးသားတစ်ဦိး ‌ယနေ့ ၂၀၂၃ဇူလိုင် ၂၇ နေ့လယ်က ဆေးကြောင်ပြီိး တက်သွားမှုဖြစ်ပွားခဲ့သည်။

အမျိုးသားတစ်ဦး ပုသိမ် အမှတ် (၂) တံတားသံဘောင်ပေါ်သို့ တက်ရောက်သွားကြောင်း ယနေ့ နေ့လယ် ၂ နာရီခန့်က သတင်းရရှိသည့်အတွက် ပုသိမ်မြို့နယ်ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ််ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ရသည်။

တံတားပေါ်တက််သွားသူမှာ အသက် ၃၀ အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ဆေးကြောင်ပြီးတက်သွားခြင်းဖြစ်ကြောင်း၊ တံတားပေါ်‌ပတ်ပြေးနေသည့်အတွက် ကရိန်းဖြင့် ခက်ခက်ခဲခဲ ကယ်ခဲ့ရကြောင်း ကယ်ဆယ်ရေးတွင်ပါ၀င်ခဲ့သူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တံတားပေါ်တက်ရောက်သွားသူကိို ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘဲ ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲကယ်တင်ခဲ့ပြီးနောက် ရဲစခန်း၌ ထိန်းသိမ်းထား‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *