ပုသိမ်-ချောင်းသာကားလမ်းမှာ ခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ယောက်သေဆုံး

ခရီးသည်တင်ယာဉ်ဟာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့တာဖြစ်

တိမ်းမှောက်သွားတဲ့ ယာဉ်ကို တွေ့ရစဉ်
ဓါတ်ပုံ။ CJ

ပုသိမ်ကြီး၊ ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ကန်ကြီး ကျေးရွာအုပ်စု၊ မျက်ရှကျေးရွာအနီး၊ ပုသိမ် -ချောင်းသာကားလမ်း မိုင်တိုင်(၂၉/၇)နဲ့ (၃၀/ဝ)ကြားမှာ ဧပြီလ၅ရက်နံနက်၈နာရီက Minibus (အဝါ/အဖြူကြား) ခရီးသည်တင် ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တောင်ကမ်းပါးယံကို ဝင်တိုက်မိပြီး တိမ်းမှောက် မှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်ပေါ်မှာ လိုက် ပါလာသူ (၁၉)ယောက်ထဲကအမျိုးသားတစ်ယောက်အခင်းဖြစ်နေရာမှာသေဆုံးခဲ့ရပြီးအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးနှစ် ယောက်တို့ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ချာင်း သာနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင် ရွက်ပေးခဲ့ကြရပြီး သေဆုံး နဲ့ထိခိုက်ဒဏ်ရာရ ခဲ့သူတွေကို ချောင်းသာမြို့ဓမ္မပါလ လူမှုကူ ညီရေးအသင်းယာဉ်တွေနဲ့ ချောင်းသာတိုက် နယ်ဆေးရုံနှင့် ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရ ပါ တယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *