ပုသိမ်မြို့နယ်မှာ ဆောက်လုပ်ဆဲ အ ဆောက်အဦပြိုကျမှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊သစ်ပုတ်ကုန်းကျေးရွာမှာဩဂုတ် ၁၂ ရက် မနက် ၁၀နာရီ၃၀မိနစ်က ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆောက်အဦပြိုကျမှုကြောင့် အဆောက် အဦအတွင်းမှာ ဆောက်လုပ်ရေး လုပ် ငန်းများဆောင်ရွက်နေတဲ့ အမျိုးသားတစ် ဦးသေဆုံးခဲ့ရပြီး အမျိုးသားလေးဦးထိခိုက် ဒဏ်ရာရခဲ့ကာ တစ်ဦးမှာ အသက် အန္တာရယ်စိုးရိမ်ရတယ်လို့ သိရပါ တယ်။

အဆောက်အဦပြိုကျမှုဖြစ်ပွားရာကို ပုသိမ်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကာ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို အရိပ် တစ်ခုလူမှုကူညီရေးအသင်းက လူနာတင် ယာဉ်နဲ့ ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *