ပုသိမ်ကြီးမြို့နယ်၊ကျောက်ချော Asia energy စက်သုံးဆီဆိုင်ရှေ့မှာ ခရီး သည်တင် Expressယာဥ်တစ်စီး မီး လောင်

■မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း စိစစ်နေဆဲဖြစ်

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကျွဲနဖားအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းအ ဆင်း၊ Asia energy စက်သုံးဆီဆိုင်ရှေ့မှာ ဖေဖော်ဝါရီ လ၁၇ရက် ညနေ၆နာရီခွဲခန့်က ခရီးသည်တင် Expressယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးလောင်မှုကြောင့် ယာဥ်တစ်စီလုံး မီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိခဲ့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *