ဇန်နဝါရီ၊၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး- ပြင်ဦးလွင်အတက် သန့်စင်ကုန်းကျေးရွာအနီးမှာ DYNA ယာဉ် (၁)စီးက အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်ရောက်တိုက်မိပြီး ယာဉ်ပေါ်ပါ ကျား(၂)ဦး အနက် ယာဉ်နောက်လိုက် ကျား(၁)ဦးသေဆုံးခဲ့ပြီး ယာဉ် မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ၄ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားအတွင်းလူညှပ်နေတာကြောင့် မန္တလေးခရိုင်မီး သတ်စခန်းနဲ့ Myanmar Rescue အသင်းတို့ ပူး ပေါင်းပြီး ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရသူကို ထာဝရလူမှုကူညီရေးအသင်းက လူ နာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ကူညီပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 38 times, 1 visit(s) today



