ပုသိမ်ကြီးမြို့နယ်မှာ အသက်၄၀နှစ် ခန့် အရွယ် အမျိုးသားတစ်ယောက် ရုပ်အ လောင်းတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊မင်းကြီးရန်နောင်လမ်းနဲ့ရွာရှည်လမ်း အ ရှေ့ဘက်အနီးမှာ ဇွန်လ၂၈ရက် မနက် ၆နာရီက အသက်၄၀နှစ်ခန့်အရွယ် အမျိုး သားတစ်ယောက်ရဲ့ရုပ်အလောင်းကို တွေ့ ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

“သေနေတာ ညကတည်းကနေမှာ သေနေ တဲ့သူမှာ သွေးထွက်သံယိုမှုတော့မရှိဘူး။ ရောဂါကြောင့်လား မူးယစ်ဆေးဝါးသုံးစွဲတာ ကြောင့်လားတော့ မသိဘူး။ခြံစည်းရိုးကို မှီပြီး ထိုင်ရက်လေးသေနေတာ။ခုတော့လူမှုရေး အသင်းကားနဲ့ ဆေးရုံပို့လိုက်ပြီ´´လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

သေဆုံးနေသူ အမျိုးသားရဲ့ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *