ကွမ်းယာထွက်ဝယ်နေတုန်း အသတ်ခံခဲ့ရတာဖြစ်
ပုသိမ်ကြီး၊ ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်ချမ်းသာကျေးရွာက အောင်ချမ်းသာ ဓါတ်အားခွဲရုံမှာတာဝန်ကျနေတဲ့ ပုသိမ်ကြီးမြို့မရဲစခန်းက ရဲဒုတပ်ကြပ် အောင်နွယ် စိုးဟာ ဧပြီလ၆ရက်နေ့ ညနေ၅နာရီ ၄၅မိနစ် က တာဝန်ကျနေရာအနီးက ကွမ်းယာဆိုင်ကိုကွမ်းဝယ်ဖို့ ထွက်လာတုန်း သေနတ်နဲ့ အနီး ကပ် ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ဒေသခံ သတင်းရင်း မြစ် တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ၆ရက်နေ့ ညနေ၅နာရီ ၄၅မိနစ်က ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်း သာကျေးရွာက အောင်ချမ်းသာ ဓါတ်အားခွဲ ရုံမှာတာဝန်ကျနေတဲ့ ပုသိမ်ကြီးမြို့မရဲစခန်း က ရဲဒုတပ်ကြပ်အောင်နွယ်စိုးဟာ တာဝန် ကျရာနေရာကနေ ဓါတ်အားခွဲရုံရှေ့ ၂ဖာ လုံခန့်အကွာက ကွမ်းယာဆိုင်ကို ကွမ်းယာ ထွက်ဝယ်ချိန်မှာ CLICK ဆိုင်ကယ်၊ အ နက်ရောင်နဲ့ အသက် ၃၀အရွယ် အမည် မ သိအမျိုးသား၂ယောက် ရောက်ရှိလာပြီးသေနတ်(အတို)နဲ့ ၁ချက် ပစ်ခတ်ခဲ့ရာ ရဲဒုတပ်ကြပ် အောင်နွယ်စိုးမှာ ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ် နေရာမှာ သေဆုံးသွားခဲ့ပြီး သူကိုင်ဆောင် ထားတဲ့ MA-13 အမျိုးအစား၊သေနတ် ၁ လက်၊ကျည် ၅တောင့်၊ကျည်ဘောက် ၁ခုတို့ကိုပါ သေနတ်နဲ့လာရောက်ပစ်ခတ် တွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။