ပုသိမ်ကြီးမြို့နယ်မှာ မန္တလေးတူးမြောင်းမကြီး တာဘောင်ကျိုးပေါက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာအုပ်စုနှင့်အိုင်ကြီးကျေးရွာအုပ်စုကြားက မန္တလေးတူးမြောင်းမကြီးဟာ အောက်တိုဘာလ၁၃ရက်နေ့ မနက် ၁၀နာရီ၂၀မိနစ်ခန့်က တောင်ကျရေစီးဆင်း ဝင်ရောက်မှုကြောင့် တာဘောင် ကျိုးပေါက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ပုသိမ်ကြီးမြို့နယ်ထဲက မန္တလေးတူးမြောင်းမှာ ဒီနေ့မနက်ပိုင်းကတည်းက တာဘောင် ကျိုးပေါက်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေရယ် လူမှုရေးအသင်းအဖွဲ့လူတွေရယ် ပူးပေါင်းပြီး ကျိုးသွားတဲ့တာဘောင်ကို ညနေအထိ စောင့်ကြည့်လေ့လာပြှီး အမြင့်ဆုံး ပြင်ပေးနှိုင်ဖို့ စီစဥ်ပေးနေတာကို တွေ့ရပါတယ်။

တာဘောင် ကျိုးပေါက်မှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *