ပုသိမ်ကြီးမြို့နယ်မှာ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရုပ်အ လောင်းတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာမြောက်ကျေးရွာရဲ့အရှေ့တောင်ဘက်က မီးရထားသံလမ်းရဲ့အ ရှေ့ဘက် ၁၀ ပေခန့်အကွာမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရုပ်အ လောင်းကိုဇန်နဝါရီလ၁၉ရက်မနက်၉နာရီက တွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“သေနေတာ ဒီနားပတ်ဝန်းကျင်ကတော့ မဟုတ်ဘူး။ ခေါင်းကို သေနတ်နဲ့ တေ့ပစ်ပြီး သတ်ခံထားရတာနေမှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းဘေးမှာလည်း ကျည်ခွံနှစ်ခုတွေ့ရှိခဲ့ရပြီး ရုပ်အလောင်းကို လူနာတင်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *