ဂျာကာတာ၊ ဧပြီ ၁
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာမယ် စက်တင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံကို လာမယ့်အကြောင်း အင်ဒိုနီးရှား နိုင်ငံရဲ့ သာသနာရေးဝန်ကြီးက အသက် ၈၇ နှစ်ရှိနေတဲ့ပုပ်ရဟန်းမင်းကြီးရဲ့ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထုတ်ဖော် ကြေငြာလိုက်ပါတယ်။
သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုဂာ ဘာသာရေးနားလည်သည်းခံမှု တွေ မြင့်တက်လာဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ ကမ္ဘာ့မွတ်စလင်လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလာရောက်ဖို့ ပုပ်ရဟန်းမင်းကြီးကို ဖိတ်ကြားခဲ့တာလို့ သိပါတယ်။
“နှစ်နှစ်ကြာစောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အင်ဒိုနီးရှားနိုင်ငံကို ကြွလာ တော့မှာပါ။ ဒါဟာ ကက်သလစ်ဘာသာဝင် တွေအတွက် အထူးလက်ဆောင်တစ်ခု ဖြစ်လာမယ် လို့ ယုံကြည်ပါတယ် ” ဆိုပြီး ဘာသာရေးဝန်ကြီး ရာကွန် ခိုလီ ကူမန် က ဂျာဗားအလယ်ပိုင်းမှာ စနေနေ့ (မတ် ၃၀) ရက်က ကျင်းပခဲဘတဲ့ ပွဲတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။
“အင်ဒိုနီးရှားအစိုးရက လက်ခံရရှိတဲ့ ဗာတီကန်က ပေးပို့တဲ့စာအရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်” “ဒါက အင်ဒိုနီးရှားအတွက် ဂုဏ်ယူစရာဖြစ်လိမ့်မယ်လို့ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။
Ref: AFP
Feature Image Credit: Reuters



