၂၄နာရီတောင်မကြာလိုက်ဘဲ ပြီးဆုံးသွား တဲ့ ရုရှားအခြေစိုက် ဝပ်ဂနာကြေးစားတပ်ရဲ့ ပုန်ကန်မှုဟာ အဲဒီကြေးစားတပ်ရဲ့ ခေါင်း ဆောင် ယက်ဗ်ဂေနီ ပရီဂိုဇင်ကတစ်ဖက် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုအီဂူနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဗေလရီဂေရာဆီမော့ ဗ်တို့နှစ်ဦးကတစ်ဖက် ပုဂ္ဂိုလ်ရေး ပြိုင် ဆိုင်မှုတွေအပေါ်အကြောင်းပြုပြီး ဖြစ်ပွါးခဲ့ တာလို့ အမေရိကန်ပြည်ထောင်စု လော့စ် အိန်ဂျယ်လိစ်မြို့အခြေစိုက် ကာလီဖိုးနီးယား တက္ကသိုလ် နိုင်ငံရေးသိပံပါမောက္ခ ဒါနီ ယယ်ထရိုက်စ်မန်းက သုံးသပ်ပါတယ်။
တကယ်ဆိုရင် အသက်၆၈နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးရှိုအီဂူဟာ ကွန်မြူနစ် ပါတီရေးရာစီမံအုပ်ချုပ်မှုတာဝန်တွေကို ထမ်းဆောင်ရင်း ရာထူးတိုးမြင့်လာခဲ့ရာက နေ ၁၉၉၀ပြည့်နောက်ပိုင်းကျမှ ရုရှား အရေးပေါ်ဝန်ကြီးဌာနကို ဦးဆောင်ခဲ့တယ်။ ၂၀၁၂ နိုဝင်ဘာလ၆ရက်မှာ ကာကွယ်ရေး ဝန်ကြီးအဖြစ်ခန့်အပ်ခံရမှ စစ်ဝတ်စုံ ဝတ် ဖူးတဲ့လူ ဘာစစ်မှမတိုက်ဖူးဘူး။ ဘယ်စစ်ဗျူဟာမှမသိဘူးလို့ ပရီဂိုဇင်က ဝေဖန်ခဲ့ တယ်။
ဗိုလ်ချုပ် ဗေလရီဂေရာဆီမော့ဗ်ကတော့ ချေချင်းညှာပုန်ကန်မှုတွေမှာ သူ့အရည် အချင်းကို ပြခဲ့ဖူးတယ်။ သူတို့နှစ်ယောက် ပေါင်းပြီး ယူကရိန်းကိုတိုက်တော့ ဘာမှသုံး စားလို့မရဘူး။ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ထောင်သောင်းချီပြီးအသက်ပေးခဲ့ရပေမယ့် ရလဒ်ကောင်းပေါ်ထွက်ခဲ့တာမရှိဘူး။ သမ္မတဗလာဒီမာပူတင်ကို ရလဒ်အမှား တွေ အစီရင်ခံပြီး ရေလိုက်လွဲစေခဲ့တယ်လို့ ပရီဂိုဇင်ကထောက်ပြတယ်။
သူတို့နှစ်ယောက်ကို ဖယ်ရှားပြီး လူအသစ် ခန့်ဖိုလည်း ပရီဂိုဇင်က တိုက်တွန်းခဲ့တယ်။ နောက်ဆုံးသတင်းတွေအရ သမ္မတဗလာဒီ မာပူတင်က ကာကွယ်ရေးဝန်ကြီးနဲ့စစ်ဦးစီး ချုပ်အသစ်ခန့်ဖို့ ချိန်ဆစဉ်းစားနေပြီလို့ သိရပါတယ်။
ပရီဂိုဇင်က လူဆိုးလူမိုက် စိတ်ကြမ်းလူ ကြမ်းကြီး ပြီးတော့ သူကိုယ်တိုင်ရှေ့တန်း အထိလိုက်ပြီး စစ်တကယ်တိုက်နေတဲ့လူ။ တစ်ချိန်က သူ့ကိုဗလာဒီမာပူတင်ရဲ့ စား တော်ကဲလို့တောင် ပြောခဲ့ဆိုခဲ့ဖူးတယ်။
Ref: BBC