ပုဂံ​မှာ မိုးများတာ​ကြောင့်​ အာနန္ဒာနဲ့​ရွှေစည်းခုံဘုရားတို့ရဲ့ ရင်​ပြင်​​တော်​​ပေါ်မှာ ​ရေဝင်​​ရောက်​မှုဖြစ်​ပွားခဲ့

မန္တ​လေးတိုင်း​ဒေသကြီး၊​ညောင်​ဦးမြို့နယ်​မှာ စက်​တင်​ဘာလ၃ရက်​​နေ့ မနက်​ပိုင်းက မိုးရွာ သွန်းမှုများပြားခဲ့တာ​ကြောင့်​ ပုဂံက အာနန္ဒာ နဲ့​ရွှေစည်းခုံဘုရားတို့ရဲ့ ရင်​ပြင်​​တော်​​ပေါ်မှာ ​ရေဝင်​​ရောက်​မှုဖြစ်​ပွားခဲ့တယ်​လို့ ​ဒေသခံ​တွေဆီက သိရပါတယ်​။

ဘုရားရင်​ပြင်​​တော်​​ပေါ်ကို ​ဝင်​​ရောက်​ခဲ့တဲ့​ရေ​တွေကို ​ဂေါပကအဖွဲ့​များနဲ့ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အ ရန်မီးသတ်တပ်ဖွဲ့ဝင်များပူး​ပေါင်းပြီး ​ရေ စုပ်​စက်​များနဲ့ ​ရေစုပ်​ထုတ်​​ပေးခဲ့ရတယ်​လို့ သိရပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *