ပုဂံမြို့သစ်က KBZဘဏ် ဓါးမြတိုက်ခံရ

၃၁ ဇန်နဝါရီ၊၂၀၂၄

ပုဂံမြို့ကကမ္ဘောဇဘဏ်ခွဲ ဒီကနေ့နေ့လည်ပိုင်းအချိန်က ဓားပြတိုက်ခံရပြီးသိန်းထောင်ချီပါသွားတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

ဒီဘဏ်ဟာ ပုဂံမြို့သစ်မှာရှိပြီး လက်နက်ကိုင်ဆောင်ထားသူလူတစုက ကားနဲ့ လာရောက်ဓားပြတိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သိန်းနှစ်ထောင်လို့လဲပြောသံကြားတယ်ရဲတွေလာစစ်နေတာတွေ့လိုက်တယ်မိသံမကြားသေးဘူး”လို့မြို့ခံတဦးက ပြောပါတယ်။

ဒီလို အတိုက်ခံရတာကို ဘဏ်တွေဘက်ကလဲ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *