ပုဂံညောင်ဦးက မင်းနန်သူချောင်းရေ ကျော်လို့ Mark2ကားတစ်စီး ရေနစ်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံနယ်မြေ၊မင်းနန်သူကျေးရွာအနီးက မင်း နန်သူချောင်းမှာ မလ၁၃ရက် နံနက်၈နာ ရီခွဲက ချောင်းရေကျော်လို့ Mark2 ကားတစ် စီး ရေနစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရ ပါတယ်။

“ခုရက်ပိုင်းအတွင်းမှာ မုန်တိုင်းလမ်း ကြောင်းထဲမှာ ပါတဲ့ ဒေသတွေက ရေကျော် ချောင်းတွေရှိတဲ့နေရာကို ဖြတ်တဲ့အခါ သတိလေးထားဖြတ်စေချင်ပါတယ်။မုန် တိုင်းအရှိန်ကြောင့် မိုးများပြီး ချောင်းရေက အချိန်မရွေး ကြီးနိုင်ပါတယ်´´လို့ မီးသတ် တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ချောင်းရေကျော်လို့ ကားရေနစ်နေတာကို ပုဂံနယ်မြေမီးသတ်တပ်ဖွဲ့က ကူညီပေးခဲ့တဲ့ အတွက် အဆင်ပြေသွားပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *