စက်တင်ဘာလ (၁၇)၊၂၀၂၃
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယနေ့ ညနေပိုင်း (၁၅:၄၅) နာရီအချိန်က မိုးသည်းထန်စွာရွာပြီး ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့သည်။



မိုးကြိုးခမှုကြောင့် ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကိုမတွေ့ရှိရဘဲ ဘုရားခေါင်းလောင်းနှင့် ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်တွင် ရွှေသင်္ကန်းများ မည်းသွားသည်ကို သာ မျက်မြင်စစ်ဆေးတွေ့ရှိရသည်ဟု ရှေးသုက ဆိုသည်။
ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွားမည်ဟုလည်းသိရသည်။