လီမာ၊ ဇွန် ၂၈
ပီရူးတောင်ပိုင်းကမ်းရိုးတန်းမှာ ပြင်းအား ရစ်ချ်တာစကေး ၇ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု ဇွန်လ ၂၈ရက် သောကြာနေ့ မှာ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်ဟာ မြို့တော်လီမာရဲ့ တောင်ဘက် ကီလိုမီတာ ၆၀၀ (၃၇၂ မိုင်) အကွာ အာတီကီပါ ခရိုင် အနောက်ဘက် ၈ ကီလိုမီတာ (၅ မိုင်) အကွာမှာ လှုပ်ခတ်သွားခဲ့တာလို့ သိရပါတယ်။
အာတီကီပါမှာ နေတဲ့သူတချို့က ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ အိမ်တွေမှာအားအရမ်းပြင်းတဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ အကြောင်းပြောကြပါတယ်။
အနီးအနား ကာရာဗယ်လီမြို့က စီစီတီဗီမှတ်တမ်းမှာလည်း ငလျင်က ပြင်းပြင်းထန်ထန် လှုပ်ခတ်နေပြီး လူတွေ လမ်းပေါ်ထွက်နေကြတာကို တွေ့ကြရပါတယ်။
ပစိဖိတ်ဆူနာမီသတိပေးဌာန (PWTC) က ပီရူးနိုင်ငံက ကမ်းရိုးတန်းဒေသတချို့တစ်လျှောက် တစ်မီတာကနေ သုံးမီတာ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ နောက်တော့ ဒီသတိပေးချက်ကို ပြန်ရုတ်သိမ်းလိုက်တယ်တယ်လို့ သိရပါတယ်။
၂၀၀၇ခုနှစ်တုန်းကလည်း ရစ်ချ်တာစကေး (၈) အထိပြင်းတဲ့ ငလျင်လှုပ်ခဲ့ပြီး ၅၉၅ယောက်သေကျေခဲ့ကာ ၂၂၉၀ကျော်က ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
Ref: CNN
ပုံစာ။ ၂၀၀၇ ပီရူးငလျင်လှုပ်ခတ်အပြီး မြင်ကွင်း
Feature Image Credit: Los Angeles Times



