ဘန်ကောက်၊ ဇူလိုင် ၁၉
Move Forward ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက်လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ပီတ လင်ဂျာရွန်ရက်ဟာ လွတ်တော်အမတ်အဖြစ်ကနေ ယာယီဆိုင်းငံ ထားခံလိုက်ရပြီ ဖြစ်ပါတယ်။
ပီတအပေါ် ထိုင်းနိုင်ရွေးကောက်ပွဲ ကော်မရှင်ကနေ ပီတဟာ ပြည်တွင်းက ထိုင်းမီဒီယာ တစ်ခုမှာ အစုရှယ်ယာ တွေ အများ အပြား ပိုင်ဆိုင်နေသလို့ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲ ကာလအထိကို ဒီပိုင်ဆိုင်မှုတွေနဲ့ ဆက်နွယ် နေခဲ့တယ်ဆိုတဲ့ ထိုင်းရွေး ကောက်ပွဲကော်မရှင်ရဲ့ တိုင်တန်းချက်ကို ထိုင်:နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဒီနေ့မှာ လက်ခံလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။
ပီတအနေနဲ့ မီဒီယာကုမ္ပဏီ ITV ရဲ့ ရှယ်ယာ ၄၂,၀၀၀ ပိုင်ဆိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုင်တန်းခဲ့တာပါ။
အကြောင်းက ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ သတင်းစာ ဒါမှမဟုတ် မီဒီယာလုပ်ငန်းတစ်ခုခုရဲ့ အစုရှယ် ယာရှင် တစ် ယောက် ဖြစ်နေ ခဲ့ရင် အောက်လွှတ်တော်အမတ်နေရာအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူး ဆိုတဲ့ အချက်တစ်ချက် ပြဌါန်းထားပါတယ်။
ဒီလို ကြေငြာပြီး မကြာခင်မှာတော့ ပီတ ကိုထောက်ခံသူတွေက လွှတ်တော်ရှေ့မှာ စုဝေးရောက်ရှိနေကြပြီး ပြည်သူ ရွေးချယ်သူကို လက်မခံတဲ့ အလိုအလျောက်ခန့်အပ်ခံ အထက်လွှတ်တော်အမတ်တွေကို ဆန့်ကျင် ရှုတ်ချကြောင်းလည်း ပြောဆိုနေကြတယ်လို့ သိရပါတယ်။
Ref: BBC
Photo Credit: Reuters