ပီတာလင်မ်ဂျရိုယင်ရတ် အရည်အချင်း ပြည့်မီခဲ့ခြင်းရှိမရှိ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က နောက်ကြောင်းပြန ်စစ် ဆေးမည်

၂၀၂၃ထိုင်းရွေးကောက်ပွဲမှာ ထောက် ခံမဲအများဆုံးရခဲ့တဲ့ ရှေ့သို့လှမ်းချီပါတီရဲ့ ကိုယ်စားပြုဝန်ကြီးချုပ်လောင်းအဖြစ် အ မည်စာရင်း တင်သွင်းခံထားရတဲ့ ပီတာ လင်မ်ဂျရိုယင်ရတ် ယှဉ်ပြိုင်အရွေးခံဖို့ မှတ်ပုံတင်တုန်းက သတ်မှတ်အရည် အချင်းနဲ့ကိုက်ညီခဲ့ခြင်းရှိ မရှိ ထိုင်းရွေး ကောက်ပွဲကော်မရှင်က နောက်ကြောင်း ပြန်စစ်ဆေးသွားမယ်လို့ဆိုပါတယ်။

အသက်၄၂နှစ်အရွယ်ပီတာဟာ အိုင်တီဗွီ ရုပ်မြင်သံကြားကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်။ သူ့အဖေက အမွေပေး တဲ့ရှယ်ယာတွေသာဖြစ်ပြီး မီဒီယာကုမ္ပဏီ မှာ သူရည်ရွယ်ချက်ရှိရှိနဲ့ ရင်နှီးမြှုပ် နှံထားတာမဟုတ်ဘူးလို့ ပီတာကအတိအ လင်းငြင်းတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပီတာ့ အတွက် သံသယကင်းအောင် ရှင်းခဲ့ခြင်း မရှိဘဲ ရွေးကောက်ပွဲကော်မရှင်က စုံစမ်း စစ်ဆေးမယ်ဆိုမှ ဒီလိုငြင်းဆိုတာ ရိုးဖြောင့် မှုမရှိဘူးလို့ ဝေဖန်ထောက်ပြကြတာတွေ့ ရတယ်။

၂၀၀၇ခုနှစ်ကတည်းက အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်ခြင်းမရှိတော့ဘူးဆိုတဲ့ အိုင်တီဗွီက သူ့အဖေရဲ့အမွေရှယ်ယာတွေကို အခုသူမပိုင်တော့ဘဲ လွှဲပြောင်းပေးပြီးပြီလို့ လည်းပီတာကပြောတယ်။

တကယ်လို့ စုံစမ်းစစ်ဆေးကြည့်ပြီး ရွေး ကောက်ပွဲအတွက် နာမည်စာရင်းပေး မှတ် ပုံတင်ချိန်မှာ သတ်မှတ်အရည်အချင်း မရှိတာ မရိုးဖြောင့်တာ တွေ့ရမယ်ဆိုရင် ပီတာဟာ ထောင်ဒဏ် (၁၀)နှစ်ကျခံရ မယ်။ နိုင်ငံရေးကနေ နှစ်(၂၀) ပယ်တာခံရ မှာလည်းဖြစ်တယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *