ပီတာလင်မ်ဂျရိုယင်ရတ် ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံသူများလိုလား

မေ၁၅ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်က တိုက်ခေါင်မိုးပေါ်မှာရှိတဲ့ လူစုဝေး နိုင်မယ့်နေရာအချို့နဲ့ လမ်းအချို့မှာ တို့ ဝန်ကြီးချုပ် ပီတာလင်မ်ဂျရိုယင်ရတ် လို့ အော်ဟစ်လှုပ်ရှားသူ စုစုပေါင်း ထောင် နဲ့ချီပြီးရှိခဲ့ပါတယ်။

လူကြိုက်လည်းများ ရွေးကောက်ပွဲမှာ မဲအ များဆုံးလည်းရရှိခဲ့တဲ့ အမ်အက်ဖ်ပီပါတီ ခေါင်းဆောင် ပီတာဟာ သူကိုယ်တိုင် လည်းဝန်ကြီးချုပ်ဖြစ်ချင်၊ အားပေးထောက် ခံသူ သန်းပေါင်းများစွာတို့ကလည်း သူ့ကို ဝန်ကြီးချုပ်ဖြစ်စေချင်တံ့ အတွက် နောက် ရက်တွေမှာ ခုထက်ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်မယ်လို့ လေ့လာသူတွေ ယူဆ နေကြပါတယ်။

လူကြိုက်များတိုင်း အားပေးထောက်ခံသူ များတိုင်း နိုင်ငံ့ခေါင်းဆောင်ဖြစ်လာရမယ် ဆိုတဲ့အစဉ်အလာ ထိုင်းမှာ အရင်တုန်းက တော့မရှိခဲ့ဖူးဘူးလို့ ကျွမ်းကျင်သူအချို့ ကထောက်ပြပါတယ်။

ပီတာဦးဆောင်တဲ့ အမ်အက်ဖ်ပီပါတီနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီး ပေတွန်တန်ရှီနာဝါထရာဦးဆောင်တဲ့ ဖူထိုင်းပါတီ မဟာမိတ်ညွန့်ပေါင်းဖွဲ့ထား ပြီးဖြစ်ပါတယ်။

ဒါပေမယ့်အစိုးရဖွဲ့စည်းဖို့နဲ့ပတ်သက်ပြီး ပီတာ့ဖက်က ဆက်သွားဖို့စိုင်းပြင်းနေချိန်မှာ မိမိတို့ပါတီအနေနဲ့ အစိုးရဖွဲ့စည်းဖို့ သီးခြား အစီအစဉ်မရှိသေးဘူးလို့ ပေတွန်တန်က ပြောတယ်။

စင်စစ်မှာ ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး ပေးထားချက်အရ ဝန်ကြီးချုပ်ကို အမတ် ၃၇၆ဦီးက ကျောထောက်နောက်ခံ ပြု ပြီးတင်မြှောက်ရမှာဖြစ်တယ်။

လောလောဆယ်အနေနဲ့ ပီတာ့ကိုထောက် ခံတဲ့အမတ်အရေအတွက်က ၃၀၉ ဦးပဲ ရှိပါသေးတယ်။

ပေးထားချက်အတိုင်းဆက်သွားဖို့ ထောက် ခံမယ့် နောက်ထပ်အမတ် ၆၇ဦး လိုပါ လိမ့်မယ်။

ထိုင်းစစ်တပ်အနေနဲ့နိုင်ငံရေးထဲဝင်ပါနေ တာ သူမလိုလားဘူး။ သူအာဏာရရင် ထိုင်းစစ်တပ်ကို ပြုပြင်ပြောင်းလဲမယ်လို့ မဲဆွယ်စည်းရုံးစဉ်ကတည်းက ပြောခဲ့ဖူးတဲ့ အတွက် လိုနေတဲ့ ၆၇မဲကို သူမရနိုင်ဘူးလို့ ထိုင်းနိုင်ငံရေးလေ့လာသူတွေက ဝေဖန်ထောက်ပြကြတာတွေ့ရတယ်။

Ref: Reuters, Aljazeera, BBC

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *