ပိုင်နက်ကျူးလွန်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၉ ဦးကို မြန်မာအစိုးရ ပြန်လွှတ်

၄ အောက်တိုဘာ၊၂၀၂၃

ပိုင်နက်ကျူးလွန်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို မြန်မာအစိုးရ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)တို့ကြား အလံတင် အစည်းအဝေး ပြု လုပ်ခဲ့ပြီးနောက် မြန်မာပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းမှုများကြေင့် ဖမ်းဆီးခံထားရသည့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ် ရှိခဲ့သေးသည်။

ယင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနက် ၂၃ ဦးမှာ ကော့ဘဇားဒေသမှဖြစ်ပြီး ကျန်ခြောက်ဦးမှာ ဘန်ဒါဘန် ဒေသနှင့် ရမ်ဂါမာတီ ဒေသတို့မှဖြစ်ကြောင်း၊မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထား ရခြင်း ဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၃ ရက်တွင် Teknaf နယ်စပ်ဒေသကို ဖြတ်သန်း၍ မိခင်နိုင်ငံ သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း လဝက နှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *